၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


အားကစားနှင့်        လူငယ်ရေးရာ ဝန်ကြီးဌာန၊          အားကစားနှင့် ကာယပညာ        ဦးစီးဌာနနှင့်  မြန်မာနိုင်ငံ      ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)     နှစ်မြောက်      စိန်ရတု လွတ်လပ်ရေးနေ့   အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်  တိုင်း ဒေသကြီး  (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ         ပွဲစဉ် ကို     ယနေ့မွန်းလွဲ  ၃ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက် ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြ သော  Jeng Phang နော်တောင်၊ ဒေါက်တာ   ဗညားအောင်မိုး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ များမှ        တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘောလုံးအားကစား    ဝါသနာရှင် များ          တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း၌ U-18 (အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ   ပွဲစဉ်အဖြစ်     မန္တလေးတိုင်းဒေသ ကြီးအသင်းက   ကချင်ပြည်နယ် အသင်းကို ခြောက်ဂိုး - တစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။ 

 


အခမဲ့လာရောက်ကြည့်ရှုနိုင်


ဒီဇင်ဘာ   ၁၇    ရက်တွင် ပြိုင်ပွဲ ၁ ရက်   ရပ်နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင်   ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ မွန်းလွဲ  ၃ နာရီမှ စတင်၍   U-18 (အမျိုး သမီး)   ဘောလုံးပြိုင်ပွဲ    တတိယ လုပွဲ ပွဲစဉ်အဖြစ်   ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့်     ကချင် ပြည်နယ်အသင်းတို့    ဆက်လက် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ် ရာ   ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့်    အားကစား ဝါသနာရှင်များ         အနေဖြင့်   မည်သူမဆို   အခမဲ့  လာရောက် ကြည့်ရှု     အားပေးနိုင်ကြောင်း သိရသည်။


သတင်းစဉ်