
ရန်ကုန် ဒီဇင်ဘာ ၁၅
ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် မိုးကြက်သွန်နီနှင့် ငရုတ်ဈေးကျ လာသည်။ ရမည်းသင်း ဓားစင်းမန်ကျည်းအသစ်များ တစ်ပိဿာ ကျပ် ၁၃၀၀ နှုန်းဖြင့် ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ ယခင်နှစ်တွင် ယင်းဓားစင်းမန်ကျည်းသည် တစ်ပိဿာ ကျပ် ၂၀၀၀ နှုန်းဖြင့် ဝင်ရောက်ထားခြင်းဖြစ်ရာ ယခုနှစ်တွင် ဈေးနှုန်းနိမ့်နေသည်။
ကြက်သွန်နီ
နယ်စုံမှ မိုးကြက်သွန်နီအသစ်များ ရန်ကုန်ဈေးကွက်သို့ အလုံးအရင်း ဖြင့် ဝင်ရောက်လျက်ရှိသဖြင့် ဈေးနှုန်းကျဆင်းလာသည်။ ဒီဇင်ဘာ ၁၄ ရက်တွင် နယ်စုံမှ မိုးကြက်သွန်နီ ပိဿာချိန် ၁၅၀၀၀၀ ဝင်ရောက် လာပြီး မြင်းခြံကြက်သွန်နီ လက်ကား တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၃၅၀၀၊ မြစ်သား တစ်ပိဿာလျှင် ကျပ် ၃၁၀၀ မှ ၄၁၀၀ နှုန်း ရှိသည်။
ပခုက္ကူကုန်စည်ဒိုင်၌ ဒီဇင်ဘာ ၁၄ ရက်တွင် မိုးကြက်သွန်နီ ပိဿာ ချိန် နှစ်သိန်းခန့်ဝင်ရောက်ပြီး တစ်ပိဿာအမြင့်ဆုံးဈေးမှာ ကျပ် ၂၃၅၀ နှုန်းသာ ရှိတော့သည်။ မန္တလေးဈေးကွက်တွင်လည်း ဒီဇင်ဘာ ၁၂ ရက် က မြစ်သားကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ၃၆၀၀ ကျပ်နှုန်းရှိရာမှ ၁၄ ရက်တွင် ကျပ် ၃၃၀၀ နှုန်းသာ ရှိသည်။ မြင်းခြံကုန်စည်ဒိုင်သို့ ဒီဇင်ဘာ ၁၄ ရက်တွင် မိုးကြက်သွန်နီ ပိဿာချိန် ၁၈၅၃၂၀ ဝင်ရောက်ပြီး အမြင့်ဆုံးဈေးမှာ တစ်ပိဿာကျပ် ၂၆၀၀ နှုန်းသာရှိသည်။
စားအုန်းဆီ
ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်အထိုင် လက်ကားရည်ညွှန်း ဈေးအရ စားအုန်းဆီ တစ်ပိဿာ ၄၅၁၅ ကျပ်ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာ ၁၁၅ ကျပ် ဈေးနှုန်းကျဆင်းလာသည်။ ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်ဆီဈေးကွက်တွင် လက်ငင်းလက်ကားအလှယ် စားအုန်းဆီ တစ်ပိဿာ ကျပ် ၅၃၅၀ နှုန်းသာရှိသည်။
ဆန်
ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်ဆန်ဈေးကွက်တွင် ဖျာပုံကောက်ညှင်းအသွယ် တစ်အိတ် ကျပ် ၉၂၀၀၀၊ မိုးဆန်ကြမ်း အသစ်တစ်အိတ် ကျပ် ၄၂၀၀၀၊ သီးထပ်ဆန်ကြမ်းအဟောင်း တစ်အိတ် ကျပ် ၄၇၀၀၀၊ ရက် ၉၀ ရှယ် ဆန်ကြမ်းအဟောင်း တစ်အိတ် ကျပ် ၅၁၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်း အသစ်ဈေးမှာ ဘိုကလေး/မော်ကျွန်း တစ်အိတ်လျှင် ကျပ် ၅၄၀၀၀-၅၅၀၀၀၊ မြောင်းမြ - ပုသိမ် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀-၆၂၀၀၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၀၀၀၀-၇၃၀၀၀ ရှိပြီး ပေါ်ဆန်း အဟောင်းဈေးမှာ ဘိုကလေး-မော်ကျွန်း တစ်အိတ်လျှင် ကျပ် ၆၃၀၀၀-၆၅၀၀၀၊ ပုသိမ်-မြောင်းမြ ကျပ် ၆၆၀၀၀-၆၈၀၀၀၊ ရွှေဘို တစ်အိတ်လျှင် ကျပ် ၉၀၀၀၀-၉၈၀၀၀ ကျပ်နှုန်း ရှိသည်။
ပဲအမျိုးမျိုး
ဒီဇင်ဘာ ၁၄ ရက်တွင် မတ်ပဲ FAQ/RC တစ်တန် ကျပ် ၁၈၂၄၀၀၀၊ SQ တစ်တန် ကျပ် ၂၀၃၄၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ် ၁၈၆၅၀၀၀၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) တစ်ပိဿာ ကျပ် ၂၈၃၀-၃၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၃၉၀၀ - ၄၁၀၀ နှုန်း ရှိသည်။
ကြက်သွန်ဖြူ/အာလူး/ငရုတ်
ဒီဇင်ဘာ ၁၄ ရက်တွင် ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၃၁၅၀ နှုန်း၊ ရှမ်းအောင်ပန်း ကြက်သွန်ဖြူ ၂၉၀၀-၃၃၀၀-၃၆၀၀-၃၉၀၀ ကျပ်နှုန်း ဈေးနှုန်းရှိနေသည်။ ဒီဇင်ဘာ ၁၄ရက်က ရန်ကုန်အာလူး ဈေးကွက်သို့ တရုတ်အာလူးအဟောင်း ကား နှစ်စီး၊ အသစ် ကား ခြောက်စီးဖြင့် စုစုပေါင်း အာလူးပိဿာချိန် ၄၈၀၀၀ ဝင်ရောက်မှု ရှိသည်။ ဈေးနှုန်းမှာ တရုတ်အာလူးအဟောင်း (သဲသီး) တစ်ပိဿာ ကျပ် ၂၃၅၀၊ တရုတ်အာလူးအသစ် ကျပ် ၁၇၀၀၊ ရှမ်းအာလူး ကျပ် ၁၇၅၀ မှ ၂၁၅၀ နှုန်းရှိသည်။
ငရုတ်ဈေးမှာ နယ်စုံ မိုးထောင်ငရုတ် လက်ကားတစ်ပိဿာ ကျပ် ၁၂၅၀၀-၁၃၀၀၀၊ ပန်းရဲငရုတ်ရှည် အသစ်(စလင်း) တစ်ပိဿာ ကျပ် ၁၈၀၀၀၊ သဲတောပန်းရဲအသစ် ကျပ် ၁၅၀၀၀၊ မြားနီအအေးခန်းထုတ်ငရုတ်ရှည် တစ်ပိဿာ ကျပ် ၂၀၀၀၀၊ ရှမ်းငရုတ်ရှည်ကျပ် ၁၃၀၀၀-၁၄၀၀၀ နှုန်း ရှိသည်။ ဆင်ဖြူကျွန်းငရုတ်ပွအသစ် လက်ကားတစ်ပိဿာကျပ် ၂၅၀၀၀-၂၆၀၀၀၊ ရှမ်းစက ငရုတ်ပွ တစ်ပိဿာ ကျပ် ၁၂၅၀၀၊ တရုတ်စကပွ အသစ် ကျပ် ၁၃၈၀၀၊ ကျောက်ဆောင်ငရုတ်ပွအသစ် ကျပ် ၁၅၀၀၀ နှုန်းရှိသည်။
အောင်ခင်နိုင်