မော်ရိုကို ကို ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် ပြင်သစ်အသင်းတက်လှမ်း

 

ဒီဇင်ဘာ   ၁၅  ရက်  နံနက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့်   ကာတာ ကမ္ဘာ့ဖလား   ဆီမီးဖိုင်နယ်အဖြစ် ပြင်သစ်နှင့်   မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ    ပြင်သစ် အသင်းက နှစ်ဂိုးပြတ်  အနိုင်ရရှိ ခဲ့ပြီး      ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်    တက်လှမ်းနိုင် ခဲ့သည်။ 

 


ခံစစ်အသားပေး    မော်ရိုကို အသင်းသည်   ကမ္ဘာ့ဖလားပြိုင်ပွဲ တွင်  နာမည်ကြီး  ဂျာမနီ၊  စပိန်၊ ပေါ်တူဂီ  စသည့်အသင်းများကို အနိုင်ယူ  ကျော်ဖြတ်နိုင်ခဲ့သော် လည်း ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ       ပြင်သစ်အသင်းကို ကျော်လွှားနိုင်ခဲ့ခြင်း     မရှိချေ။ မော်ရိုကိုအသင်းသည်   ပြင်သစ် အသင်းကို  ချဉ်းကပ်ပုံမှန်မှန်ဖြင့် ရင်ဆိုင်လာခဲ့ပြီး  ခြေရည်တူ  ကစားနိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသောကြောင့် ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ 

 


ပြင်သစ်အသင်းအတွက်   အဖွင့်ဂိုးကို  ပွဲချိန် ငါးမိနစ်တွင် ရရှိခဲ့ပြီး ဟာနန်ဒက်စ်က သွင်းယူခဲ့သည်။   ထို့နောက်တွင် မော်ရိုကိုအသင်းက ချေပဂိုးရရှိရေး   ကြိုးစားလာခဲ့ရာ   ဂိုးရရှိနိုင်သည့်   အခွင့်အရေးများ ရရှိခဲ့သော်လည်း   ပြင်သစ်အသင်းခံစစ်နှင့်   ဂိုးသမားတို့   ဟန့်တား ရှင်းထုတ်နိုင်ခဲ့သည့်အတွက်  ဝေးကွာခဲ့ရသည်။ ပြင်သစ်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၇၉ မိနစ်တွင် ရရှိခဲ့ပြီး လူစားဝင် ကစားသမား မူရာနီက  သွင်းယူပေးခဲ့သည်။  ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သော မော်ရိုကိုအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲတွင် ခရိုအေးရှား အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး  အနိုင်ရရှိခဲ့သော ပြင်သစ် အသင်းက ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                           

အောင်ဇော်