
နေပြည်တော် ဒီဇင်ဘာ ၁၅
(၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ် လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာကွယ် ရေးဦးစီးချုပ်ရုံး(လေ)ကွပ်ကဲမှုအောက်တပ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များသည် ဒီဇင်ဘာ ၁၄ ရက်နှင့် ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဘိုးဘွား ရိပ်သာများ၊မိဘမဲ့ဂေဟာများနှင့် မျက်မမြင်ကျောင်း များတွင် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ အား လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်