(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်

 

 

နေပြည်တော်  ဒီဇင်ဘာ   ၁၅


(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌         ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ် ဝန်ကြီးချုပ်          ဒေါက်တာ အောင်ကျော်မင်း၊   အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်း သားလူမျိုးရေးရာ     ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကျောင်း သား  ကျောင်းသူများ၊   ပြည်နယ် ဂုဏ်ဆောင်   အားကစားသမား များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းရင်းသားယဉ်ကျေး မှုအဖွဲ့များက     တိုင်းရင်းသား လူမျိုးစုအလိုက် ရိုးရာယဉ်ကျေးမှု ယိမ်းအကများဖြင့်     ဖျော်ဖြေ တင်ဆက်ကြသည်။    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်           ဒေါ်အေးနုစိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ   (၄၈)  နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာ ကို    ဖတ်ကြားပြီး    ပြည်နယ်ဝန်ကြီးချုပ်က    ရခိုင် ပြည်နယ်နေ့   မိန့်ခွန်းပြောကြား သည်။ 

 


ယင်းနောက်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဒေါ်အေးနုစိန်၊  ပြည်နယ်ဝန်ကြီး ချုပ်၊   တိုင်းမှူးနှင့်  တာဝန်ရှိသူ များက   ပြည်နယ်စီမံထူးချွန်ဆု (ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများ၊   ပြည်နယ်လယ်ယာ စီးပွားထူးချွန်ဆု (ဒုတိယအဆင့်)နှင့်        ပြည်နယ်လူမှုထူးချွန်ဆု (ဒုတိယအဆင့်)     ရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာဆု  ရရှိသူ များ၊   (၄၈)  နှစ်မြောက်  ရခိုင် ပြည်နေ့အထိမ်းအမှတ်    စာစီ စာကုံးပြိုင်ပွဲနှင့်      ပန်းချီပြိုင်ပွဲ ဆုရရှိသည့်           ကျောင်းသား ကျောင်းသူများကို  ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ၊ ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စု စုပေါင်းယိမ်းအကအဖွဲ့ များက“ ပြည်ထောင်စုရဲ့ ထာဝရ အလှများ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကာ    စုပေါင်း မှတ်တမ်းတင်    ဓာတ်ပုံရိုက်ကြ သည်။

 


ဆက်လက်၍  ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မှု    မှတ်တမ်း ဓာတ်ပုံများ၊ စာပေနှင့် ယဉ်ကျေးမှု ပြခန်းတို့ကို    ကြည့်ရှုအားပေး ကြသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်   အဖွဲ့ဝင်များ သည် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံ တွင် ပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို    ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာ များနှင့်     စီးပွားရေးလုပ်ငန်းရှင် များ၏    ရခိုင်ပြည်နယ်   MSME ထုတ်ကုန်ပြပွဲနှင့်   ရောင်းချပွဲသို့ သွားရောက်၍    ဆန်ထွက်ကုန် ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ၊ စက်မှုထုတ်ကုန်ပစ္စည်းများ၊ အဝတ် အထည်နှင့်   တိုင်းရင်းဆေးဝါး လုပ်ငန်းများ၊ ငါးလုပ်ငန်းထုတ်ကုန်      ပြခန်းများအား      လှည့်လည် ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများ၊     စီးပွားရေး လုပ်ငန်းရှင်များနှင့်   တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု   လုပ်ငန်းများ ရာနှုန်းပြည့် ထုတ်လုပ်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေး သည်။

 


ယင်းနောက်    အဖွဲ့ဝင်များ သည်   ပြည်နယ်အားကစားနှင့် ကာယပညာ      ဦးစီးဌာနရုံးရှိ ဓညဝတီ  အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့်   (၄၈)  နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ် ပျော်ပွဲ/ရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု အားပေးကြပြီး အမျိုးသား/အမျိုး သမီး ကြက်တောင်ရိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်   ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ  စစ်တုရင် ပြိုင်ပွဲများနှင့်    ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင်  ပထမ၊  ဒုတိယ၊ တတိယဆုရရှိသည့်  အားကစား သမားများအား   တစ်ဦးချင်း လည်ဆွဲတံဆိပ်နှင့်   ငွေသားဆု များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။      

  သတင်းစဉ်