(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ မြို့ဝင်မုခ်ဦး ဖွင့်ပွဲကျင်းပ

 

မကွေး   ဒီဇင်ဘာ   ၁၄


၂၀၂၃  ခုနှစ်  ဇန်နဝါရီ ၄ ရက်တွင်  ကျရောက်မည့် (၇၅)နှစ်မြောက်    စိန်ရတု       လွတ်လပ်ရေးနေ့ အား  ကြိုဆိုဂုဏ်ပြုသောအား ဖြင့်  မကွေးမြို့  မြို့ဝင်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို      ယနေ့နံနက် ၈ နာရီက မြို့ဝင်မုခ်ဦး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်   တက်ရောက်ဖွင့်လှစ် ပေးကြောင်း သိရသည်။

 


ရှေးဦးစွာ   မကွေးမြို့   မြို့ဝင် မုခ်ဦးအား   တိုင်းဒေသကြီး ဝန်ကြီးချုပ်              ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး  ဦးစိုင်း မြင့်အေး၊     လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊        လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီး လင်းထွဋ်၊ တိုင်းဒေသကြီး ဥပဒေ ချုပ် ဦးဝင်းမြင့်၊   တိုင်းဒေသကြီး အတွင်းရေးမှူး   ဦးသန်းဆွေဝင်း၊ မကွေးတက္ကသိုလ်   ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊    တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် မကွေးခရိုင်      အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့က    ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး         မြို့ဝင်မုခ်ဦး ကမ္ပည်း မော်ကွန်းကျောက်စာအား တိုင်းဒေသကြီး   ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်    ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး   ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက မြို့ဝင် မုခ်ဦး       ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည် များ ပက်ဖျန်းပေးသည်။ 

 


ထို့နောက်   တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင် မုခ်ဦးပုံပါ ပန်းချီကားကို တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပေးအပ်ပြီး တိုင်းဒေသကြီး   ဝန်ကြီးချုပ်က        ဖွင့်ပွဲအခမ်းအနားတွင်  ပါဝင်ကပြ     ဖျော်ဖြေခဲ့ကြသူများကို      ဂုဏ်ပြု ချီးမြှင့်ငွေများ  ပေးအပ်ခဲ့ကြောင်း သိရသည်။    

      
ကိုစည်သူ(မကွေး)