မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်းဖွင့်လှစ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄


နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတွင်ရှိသော စိုက်ပျိုးရေး ဦးစီးဌာန  စိုက်ပျိုးပညာပေးရေး ဌာနခွဲ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ    ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်က        “မြန်မာဆယ်မာ အူးလ်ဂွန်ဂို  (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်း”    အမှတ်စဉ် (၂/၂၀၂၂) ကို ဖွင့်လှစ်သည်။

 


အခမ်းအနားသို့ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသူရစိုး၊   ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ်မှ ဒါရိုက်တာ မစ္စတာ ရှင်းဝူဂျုန်း၊ ကျေးရွာငွေတိုက်၃၅ ခုမှ ကျေးရွာ ခေါင်းဆောင်များ၊     ကျေးရွာ တာဝန်ခံ စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာငွေတိုက် ထူထောင်ရန် စိတ်ဝင်စားကြသော    ကျေးရွာ ကိုးရွာမှ  ကျေးရွာခေါင်းဆောင်များ စုစုပေါင်း     သင်တန်းသား သင်တန်းသူ ၁၃၃ ဦးနှင့် သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်  နည်းပြများက    အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

 


အခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်က အမှာစကား ပြောကြား သည်။ 
ယင်းနောက် ကိုရီးယားနိုင်ငံ   ဆယ်မာအူးလ် ဂွန်ဂိုအဖွဲ့ချုပ်မှ     ဒါရိုက်တာ မစ္စတာရှင်းဝူဂျုန်းက    ယခုကျေးရွာငွေတိုက်  ၃၅  ခုမှ သည်       မြန်မာတစ်နိုင်ငံလုံး   အနှံ့အပြားတွင်     ကျေးရွာငွေတိုက် များ        ဖြစ်ပေါ်လာအောင်   ဆက်လက်တည်ထောင်နိုင်စေရန်  ကြိုးစားရမည်      ဖြစ်ကြောင်း   ပြောကြားသည်။ 

 


မြန်မာကျေးရွာ     ငွေတိုက် အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာညီညီ က    ကျေးရွာငွေတိုက်များ၏ လုပ်ငန်းများကို  တရားဝင်အသင်း အဖွဲ့အဖြစ်  ဆောင်ရွက်နိုင်ရန် ကြိုးစားရမည်     ဖြစ်ကြောင်း၊ ကျေးရွာ    ငွေတိုက်များအဖြစ် ငွေတိုက်လုပ်ငန်းများကို  တစ်စ တစ်စ တိုးတက်အောင် ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ ရရှိလာသည့် အကျိုးအမြတ်များဖြင့်     မိမိတို့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။  
အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၁၃ရက်မှ ၁၅ ရက်အထိ   သုံးရက် ကြာ    ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်