
နေပြည်တော် ဒီဇင်ဘာ ၁၄
မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ် အပန်းပြေစေရန်၊ လူငယ်လူရွယ် များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ် တော်လာဇာတ်သဘင်မဟာ အစီ အစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင် ၍ အပတ်စဉ်စနေနေ့ ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသလျက်ရှိသည်။
အဆိုပါ အစီအစဉ်မှ “မဟော် သဓာ မယားတရားစီရင်ခန်း” ဇာတ်တော်ကို သဘင်ပညာရှင် ပတ္တမြားကေခိုင်စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာ ဖန်တီးမှု၊ ရွာစားဝါးခယ်မစိန် မုန့်လုံး၏တီးခတ်မှု ဘွန်း၊ ဆန်းနေအောင်၊ ပေါက်ကျော်၊ ပေါက်မဲ၊ ဦးဝါဝင်း၊ ချမ်းချမ်းမိုး၊ မစိမ်းစိမ်းတို့နှင့်အတူ သဘင် ပညာရှင်များက ပါဝင်တင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဒီဇင်ဘာ ၁၇ ရက် စနေနေ့ ည ၉ နာရီခန့် တွင် ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲ တွင်လည်း ပြန်လည်ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်