ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးမြို့ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံ တက်ရောက်ဖွင့်လှစ်

 

နေပြည်တော် ဒီဇင်ဘာ ၁၄


နိုင်ငံတော်အကြီးအကဲ၏ လမ်း ညွှန်ချက်နှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရွှေကမ္ဘာ ငွေစုငွေချေး သမဝါယမအသင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး     သမ ဝါယမအသင်း၊    မန္တလေးတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ် တို့ အကျိုးတူပူးပေါင်းဆောင်ရွက် သော မန္တလေးမြို့   နိုနှင့်နို့ထွက် ပစ္စည်းစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် ရှိ  နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံ၌ ကျင်းပသည်။

 


ရှေးဦးစွာ    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေး မြို့တော်    စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ    မြို့တော်ဝန် ဦးကျော်ဆန်း၊  တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုး အောင်နှင့်     တာဝန်ရှိသူများက နို့နှင့်   နို့ထွက်ပစ္စည်းစက်ရုံကို ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး က    စက်ရုံဆိုင်းဘုတ်ကို    စက် ခလုတ်နှိပ်   ဖွင့်လှစ်ပေးသည်။  ယင်းနောက် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ကြပြီး   စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြသည်။

 


ထို့နောက်    အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး    သမ ဝါယမဦးစီးဌာန   တိုင်းဦးစီးမှူး က   စက်ရုံသမိုင်းကြောင်းနှင့် ပြန်လည်လည်ပတ်နိုင်ရေးဆောင် ရွက်ခဲ့မှုကိုလည်းကောင်း၊စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌ  ဦးမျိုးထက်ဝင်းက  စက်ရုံ ၏  လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း   ရှင်းတင်းတင်ပြ ကြပြီး စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ကြသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး နှင့် မန္တလေးမြို့တော်   စည်ပင် သာယာရေးကော်မတီ   ဥက္ကဋ္ဌ မြို့တော်ဝန်တို့က  ဂုဏ်ပြုအမှာ စကား ပြောကြားကြပြီး ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် နို့နှင့် နို့ထွက် ပစ္စည်းစက်ရုံအတွင်း     နွားနို့မှ နို့စိမ်းချက်လုပ်သည့်   လုပ်ငန်း၊ နို့ဆီချက်လုပ်သည့်    လုပ်ငန်း၊ နို့ဆီများ သံဘူးအတွင်း ထည့်သွင်း သည့်လုပ်ငန်းနှင့် နို့ဆီဘူး၊ နို့စိမ်း ဘူးများကို  စနစ်တကျပိုးသတ် ခြင်း၊ သန့်စင်ခြင်း၊   ပါကင်ထုပ်ပိုး ခြင်းလုပ်ငန်း    ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ     လိုအပ် သည်များ      ဖြည့်စွက်မှာကြား ကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသ ကြီး သာစည်မြို့နယ် ကြက်မောက် ကျေးရွာအုပ်စု    ကြက်မောက် ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်  နိုင်ငံတော်  ထောက်ပံ့ရန်ပုံ ငွေ   ၃၉ ဒသမ ၁၈  သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဆောင်ရွက် ခဲ့သော ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၁၀၈၄ အိမ်၊ လူဦးရေ  ၄၂၉၆  ဦး၊ လယ်ဧက ၂၀၀ နှင့် ယာဧက ၅၀၀ တို့အတွက်    အကျိုးပြုစေမည့် ရဲဘော်-၂ဆည်နှင့် ပျူတွင်းဆည် ပြန်လည်ပြုပြင်ခြင်း၊    ရေပေး မြောင်းတူဖော်ခြင်းနှင့် Slab Cul-vert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို  ကြည့်ရှုစစ်ဆေး သည်။

 


ဆက်လက်၍     ဒေသခံ တောင်သူများနှင့်   တွေ့ဆုံကာ ကျေးရွာအလိုက် တင်ပြချက်များ အပေါ်   လိုအပ်သည်များ   ဖြည့် ဆည်းဆောင်ရွက်ပေးပြီး စိုက်ပျိုး ရေးဦးစီးဌာန၏    ဝါမျိုးစေ့နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက်    ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်   သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်    ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF)    စီမံကိန်းရန်ပုံငွေဖြင့် ကြက်မောက်ကျေးရွာတွင် ဆိတ် မွေးမြူရေး၊ နွားမွေးမြူရေး ဆောင် ရွက်နေသော မွေးမြူရေးအစုအဖွဲ့ လေးဖွဲ့အတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း  ၃၀၀ ကို ထောက်ပံ့ ပေးအပ်သည်။    ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင်   သင်တန်းတက် ရောက်အောင်မြင်ပြီး    တစ်နိုင် တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင် ရွက်နေမှုနှင့်      သင်တန်းများ ဆက်လက်     ပို့ချနေမှုကိုလည်း ကောင်း   ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း   လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                    

သတင်းစဉ်