မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်လှစ်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၄ 


မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့်  နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်  ၉  နာရီခွဲတွင်   နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


သင်တန်းဖွင့်ပွဲတွင်   မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး     ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်က  နိုင်ငံအတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီကို  ဖွဲ့စည်းတာဝန်ပေးအပ် သကဲ့သို့  ကြီးကြပ်မှုဗဟိုကော်မတီကလည်း တိုင်း ဒေသကြီး/ပြည်နယ်၊   ခရိုင်၊  မြို့နယ်၊  ရပ်ကွက်/ကျေးရွာအုပ်စု  ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်း     ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့  (Working Group)ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ် သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ရမည်ဖြစ်ပြီး     သတ်မှတ်ကာလအချိန်တိုအတွင်း ပြီးစီးနိုင်ရေးနှင့် တိကျမှန်ကန်သော   လူဦးရေစာရင်း ရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ကို သင်တန်းများ  ဖွင့်လှစ်ပို့ချဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 


ယခုဖွင့်လှစ်သည့် ဗဟိုအဆင့်  နည်းပြသင်တန်း များတွင် ထိထိရောက်ရောက်   ပြန်လည်ပို့ချနိုင်သည် အထိ  တတ်ကျွမ်းနားလည်မှသာ   လက်တွေ့မြေပြင် ကွင်းဆင်းကောက်ယူမည့်        အဖွဲ့များအနေဖြင့် လက်တွေ့နယ်ပယ်၌  တိကျမှန်ကန်သော  လူဦးရေ စာရင်းများ ကောက်ယူမှတ်သားနိုင်မည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင်    မသန်စွမ်း ငါးမျိုး၏   အချက်အလက်များကိုလည်း   သတ်မှတ် ပုံစံဖြင့်    ကောက်ယူနိုင်ရေး   သက်ဆိုင်ရာဌာနမှ လာရောက်ရှင်းလင်း        ပို့ချသွားမည်ဖြစ်ကြောင်း၊   သင်တန်းသားများအနေဖြင့်   စနစ်တကျ   လိုက်နာ မှတ်သားကြရန်နှင့်  မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့်လင်းလင်း        မေးမြန်းဆွေးနွေးကြရန် လိုကြောင်း၊ သို့မှသာ  မိမိတို့ ပိုင်ပိုင်နိုင်နိုင် နားလည် တတ်ကျွမ်းသည့် အကြောင်းအရာများကို  ဆင့်ပွား သင်တန်းများ၌    ထိထိရောက်ရောက်    ပြန်လည် ရှင်းလင်းသင်ကြားပို့ချနိုင်မည်ဖြစ်ပြီး    လက်တွေ့ ဆောင်ရွက်မှုများတွင်   အောင်မြင်စွာ   ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ယခုဖွင့်လှစ်သည့် ဗဟိုအဆင့် နည်းပြသင်တန်း ကို နေပြည်တော်၌  ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် လည်းကောင်း၊  တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာ ဒေသ များ၌    ဒီဇင်ဘာ ၂၂  ရက်နှင့်  ၂၃ ရက်တို့တွင် လည်းကောင်း၊   မြို့နယ်အဆင့်   ဆင့်ပွားသင်တန်း များကို သက်ဆိုင်ရာ မြို့နယ်များ၌ ဒီဇင်ဘာ ၂၇ ရက် နှင့်  ၂၈ ရက်တို့တွင်လည်းကောင်း ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ပြီး   မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)များက ၂၀၂၃ ခုနှစ်   ဇန်နဝါရီ   ၉ ရက်မှ  ၃၁ ရက်အထိ  ၂၃ ရက် အတွင်း  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက် တည်း      ကောက်ယူမှတ်သားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်