
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပ
====================================
နေပြည်တော် ဇန်နဝါရီ ၄
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူး ဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းကို စာမျက်နှာ ၃ တွင် ဖော်ပြထားပါသည်။)
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ ကမ္ဘောဇဘဏ်လီမိတက် နာယက ဝဏ္ဏကျော်ထင်၊ စည်သူဦးအောင်ကိုဝင်း ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သီဟသူရ ဘွဲ့ရရှိသူ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူး ကြီးအေးမင်းအောင် ကိုလည်းကောင်း၊ သူရဘွဲ့ရရှိကြသည့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးရန်နိုင်ဦး၊ စစ်တက္ကသိုလ်မှ ဗိုလ်ကြီးဇော်ဦးလွင်နှင့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယအရာခံဗိုလ်ထွန်းဝေ(ကျဆုံး) ကိုယ်စား ဇနီး ဒေါ်အသန်း ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် ချီးမြှင့်အပ်နှင်းခဲ့သော စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ရရှိကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဗိုလ်ချုပ်လင်းအောင်၊ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်ချုပ် သက်ထွန်းဦး၊ ဗိုလ်ချုပ်ခင်မောင်သန်း၊ ဗိုလ်ချုပ်အောင်မျိုးမင်း(ငြိမ်း)၊ ဗိုလ်ချုပ် တင်အေး(ငြိမ်း)၊ ဗိုလ်ချုပ်မြင့်ဦး(ငြိမ်း)နှင့် ဗိုလ်ချုပ်တင်အောင်ချစ်(ငြိမ်း)တို့ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော အလင်္ကာကျော်စွာဘွဲ့ရရှိသူ ဆိုင်းပညာရှင် ဦးစိန်စတင်း (ခ) ဦးတင်မောင်(ကွယ်လွန်) ကိုယ်စား သားဖြစ်သူ ဦးမင်းဟန်(ခ)ဦးစိန်မင်းနိုင် ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော သိပ္ပကျော်စွာဘွဲ့ ရရှိသူ ဘာသာရပ်ဆိုင်ရာပညာရှင် ဒေါက်တာတိုးလှနှင့် ဘာသာရပ်ဆိုင်ရာပညာ ရှင် ဦးကျော်ဝင်းတို့ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့် သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြ သူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
သတင်းစဉ်