ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သော ခရုစုပ်ခေါင်းနီ ငှက်ကောင်ရေ ၉၀၀၀ ကျော်အထိ ပြန်လည် တိုးပွားလာ

 

၁၉၈၁ ခုနှစ်တွင် ခုနစ်ကောင်သာ  ရှိခဲ့သည့် ရှားပါး ငှက်မျိုးစိတ်ဖြစ်သော ခရုစုပ်ခေါင်းနီ ငှက်ကောင်ရေ သည် လက်ရှိအချိန်တွင် ကောင်ရေ ၉၀၀၀ ကျော် အထိ ပြန်လည်တိုးပွားလာပြီဖြစ်ကြောင်း တရုတ် နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီးပြည်နယ် သစ်တော အာဏာပိုင်များက ဒီဇင်ဘာပထမပတ်က  ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အနီရောင်အမောက်နှင့် ရှည်လျားသော အနက် ရောင်နှုတ်သီးပါရှိသော ခရုစုပ်ခေါင်းနီငှက်မျိုးစိတ်များသည်   ယခင်က    အရှေ့အာရှနှင့်   ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားတို့တွင်   ပျံ့နှံ့ကျက်စားခဲ့သည်။ ယင်းနောက် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ် သွားပြီဟု ယူဆခဲ့ပြီးနောက် ၁၉၈၁ ခုနှစ်တွင် တရုတ် နိုင်ငံ ရှန်စီးပြည်နယ်၌ တောရိုင်းအတွင်းကျက်စား နေသည့် ခရုစုပ်ခေါင်းနီ ငှက်ခုနစ်ကောင်ကို တွေ့ရှိခဲ့ ပြီးနောက်   ယင်းငှက်မျိုးစိတ်များ   မပျောက်ကွယ် သွားစေရေး   ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်ခဲ့သည်။
ယနေ့အချိန်တွင် ရှန်စီးပြည်နယ်၌ ခရုစုပ်ခေါင်းနီ ငှက်ကောင်ရေ ၇၀၀၀ ခန့်ကျက်စားလျက်ရှိကြောင်း ပြည်နယ် သစ်တောဗျူရိုမှ ဒါရိုက်တာဒန် ရွှီရင်ဂရင် က ပြောသည်။
မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ      ခရုစုပ်ခေါင်းနီ ငှက်မျိုးစိတ်များကိုကာကွယ်ရန်    ရည်ရွယ်သည့် တရုတ်-ဂျပန်-တောင်ကိုရီးယား    ချစ်ကြည်ရေး ဖလှယ်ရေးအစီအစဉ်ကို ရှန်ဟိုင်းတွင် ဒီဇင်ဘာ ၄ ရက် က စတင်ခဲ့သည်။ အိမ်နီးချင်းသုံးနိုင်ငံမှ ကျွမ်းကျင်သူ များ၊ သံတမန်များနှင့် ပညာရှင်များသည် ဂေဟစနစ် ကာကွယ်ရေးနှင့်   ဇီဝမျိုးစုံမျိုးကွဲများ   တိုးတက် ကောင်းမွန်ရေးတွင် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လူသားတို့ အတွက်   သဟဇာတဖြစ်သော   ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုတွင် ပိုမိုအားစိုက်ထုတ်သွားမည်ဟု ကတိပြုခဲ့ကြ သည်။
ကိုးကား -    Global population of crested ibises exceeds 9,000