
နေပြည်တော် ဒီဇင်ဘာ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျ နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov ၊ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာ ဒီဗော့စတော့မြို့၌ စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း စက်တင်ဘာ ၆ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ရုရှား နိုင်ငံ The State Atomic Energy Corporation Rosatom တို့ အကြား Road Map ကို လက်မှတ် ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ တွင် ကျင်းပသည့် ATOMEXPO- 2022 ကာလအတွင်း ရုရှားနိုင်ငံ သို့ သွားရောက်ခဲ့သည့် ခရီးစဉ် တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအား စီမံရေးဦးစီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rusatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ရန်၊ NDA ကို နိုဝင်ဘာ ၂၁ ရက်တွင် လည်းကောင်း၊ MOU ကို နိုဝင်ဘာ ၂၂ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်ဆက်မပြတ် တိုးတက် ဆောင်ရွက်ရေးအတွက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းအား လေ့လာမှုကို အထောက်အကူဖြစ် သော ကနဦးနေရာများကို ကြည့်ရှု လေ့လာဆွေးနွေးခြင်းတို့ ဆောင် ရွက်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဖြစ်မြောက်နိုင်စွမ်း လေ့လာနိုင်ရေးအတွက် လိုအပ် သော Terms of Reference (TOR) ကိုလည်း ယနေ့တွင် လက်မှတ် ရေးထိုးမည် ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်မည်
ဆက်လက်ပြီးလည်း SMR အတွက် ကနဦး လေ့လာဆန်းစစ် ချက်များတွင် လိုအပ်သော အခြေခံ အချက်အလက် များကိုလည်း Working Group အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ပြီး စီမံကိန်းလုပ်ငန်းများလည်း သတ်မှတ်ကာလအတွင်း ပြီးစီး အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ROSATOM မှ ကိုယ်စားလှယ်များက မြန်မာ နိုင်ငံအတွင်းတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သော လေအားလျှပ်စစ်၊ အသေးစား ရေအား လျှပ်စစ်များကိုလည်း မြေပြင်တွင် သွားရောက်လေ့လာ ကြည့်ရှု ဆောင်ရွက်ကြပြီးဖြစ်ပါ ကြောင်း၊ အထူးသဖြင့် လေအား လျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ရန် မြန်မာနိုင်ငံ၌ အလားအလာ ကောင်းများရှိသော နေရာခြောက်ခု တွင် စုစုပေါင်း မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရ သဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင် ရေး အထူးအလေးထားဆောင် ရွက်စေလိုပါကြောင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ သည့် (၇၅) နှစ်မြောက်ကာလ အတွင်း မိမိတို့နိုင်ငံကို ယခုကဲ့သို့ ကူညီဆောင်ရွက်ခဲ့မှုကို များစွာ အသိအမှတ် ပြုပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် ရည်မှန်းထား ပါကြောင်း ပြောကြားသည်။
နည်းပညာပြန့်ပွားရေး
ယင်းနောက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က မြန်မာပြည်သူလူထု၏ အပြု သဘောဆောင်သည့် သဘောထား အမြင်များ ရရှိစေရန်အတွက် အရေးပါသည့် နည်းပညာဆိုင်ရာ အသိပညာ ပြန့်ပွားရေးလုပ်ငန်း များတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်သည့် “ROSATOM” မှ ကျွမ်းကျင်သူများသည် အရည် အချင်း ပြည့်ဝစွာဖြင့် ပူးပေါင်း သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်းနှင့် မိမိတို့အနေဖြင့် လည်း “ROSATOM” မှ ကျွမ်းကျင် သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ အပြည့်အဝ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay က မိမိတို့အနေဖြင့် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း တည်ဆောက်ခြင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုစီမံကိန်း သည် မြန်မာနိုင်ငံအတွက် ကာလကြာရှည်စွာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်သော သဘောတူစာချုပ်များ ဆက်လက် ရေးထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက် မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည် စီမံကိန်းများကို ဆောင်ရွက်သွား နိုင်မည်ဖြစ်ပြီး ယခုဆောင်ရွက် မည့် အပူစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း သည် တည်ဆောက်ချိန် ကြာမြင့်မှု မရှိဘဲ ရေရှည်လည်ပတ် မောင်းနှင် နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
လက်မှတ်ရေးထိုး
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံကိုယ်စား “ROSATOM” တို့ အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် (IGA) မူကြမ်းကို လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံ ရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Rusatom Energy Project, Joint Stock Company တို့ အကြား အသေးစား အပူစွမ်းအင် သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာ မှုလုပ်ငန်းအတွက် ဆောင်ရွက်ရ မည့် တာဝန်ဝတ္တရားများ (Terms of Reference - TOR) ကို လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဏုမြူစွမ်းအင် ဦးစီးဌာနနှင့် Rosatom International Network တို့ အကြား Joint Communication Plan for increasing public acceptance of atomic technologies in Myanmar ကို လည်းကောင်း နှစ်နိုင်ငံတာဝန် ရှိသူများက လက်မှတ်ရေးထိုး ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရ သည်။
သတင်းစဉ်