
နေပြည်တော် ဒီဇင်ဘာ ၁၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည် ဖြစ်သည့် အတွက် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကိုလည်း အလေး အနက်ထား ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိ ရာ ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းပြုစုရာတွင် အခြေခံ ရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ပြန်လည် တိုက်ဆိုင် စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပ သည်။
အစည်းအဝေး တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုးဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီး ခဲ့ပြီး ရရှိလာသည့် စာရင်းများပေါ် တွင် အခြေခံ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ် အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင် သော လူဦးရေစာရင်းကို မြို့နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်လျက် ရှိကြောင်း၊ တွေ့ရှိလာသည့် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်နှင့် အထက်ထပ်နေသည့် စာရင်းများ ရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ စိစစ်၍ အမြန်ဆုံး ပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်းပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး ၂၈ မြို့နယ်၏ ဥပဒေနှင့် အညီ နေထိုင်သူများစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန် အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-Check) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် အချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး e- Government ဌာနမှ ညွှန်ကြား ရေးမှူး ဦးမြတ်ထွန်းဦးက ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ၊ ပဲခူးတိုင်းဒေသကြီး နယ်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ အရာထမ်းများ၊ စုစုပေါင်း အင်အား ၁၀၃ ဦး တက်ရောက်ကြပြီး ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ်တစ်ခု နှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင် စစ်ဆေးခြင်း (Cross-Check) လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်