မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပမည်

 

မင်းဘူး  ဒီဇင်ဘာ  ၁၀


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ သမိုင်းဝင် ရှင်ပင် စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်ကို   စည်ကားသိုက်မြိုက်စွာ   ကျင်းပမည် ဖြစ်ကြောင်း   စက္ကိန်းတဲဘုရား    ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။  

 

 
ရှင်ပင်စက္ကိန်းတဲဘုရားကြီး ပွဲတော်ကျင်းပရာ တွင် ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃ ခုနှစ်များနှင့် ၂၀၁၆ ခုနှစ် များတွင် အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင်  ပွဲတော်ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း၊  သို့သော် ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ ပွဲတော်ကျင်းပရာတွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲများနှင့် ၂၁၊ ၂၂ ရက်နေ့များတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများအပြင် အားကစားပွဲများပါ ထည့်သွင်း၍  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


ရှင်ပင်စက္ကိန်းတဲဘုရားကြီးသည်  မင်းဘူးခရိုင် အတွင်းမှ စန္ဒကူးနံ့သာ   ကျောင်းတော်ရာဘုရား၊ ရွှေစက်တော်ပါဒစေတီတော်များနှင့်    စကုမြို့မှ ထေရ်ကြီး  စေတီတော်ကြီးတို့ကဲ့သို့    သမိုင်းဝင် အထင်ကရ  စေတီတော်တစ်ဆူဖြစ်၍    နိုင်ငံတော် အကြီးအကဲများနှင့် ဩဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ယခုလို စည်ကားသိုက်မြိုက် စွာ ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း  ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။        

ဇေယျာထက်(မင်းဘူး)