ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

 

နေပြည်တော်    ဒီဇင်ဘာ   ၁၀    


ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊  တပ်ရင်း၊  တပ်ဖွဲ့များ၌  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိ သည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး   ဖုန်းမြတ်၊   အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက   သံတွဲမြို့နှင့်   တောင်ကုတ်မြို့တို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တို့တွင် DYL ဝက်၊ ဥစား ကြက်၊ အသားတိုးကြက်၊ နို့စားနွားနှင့် ဆိတ်မွေးမြူ ရေးခြံများ၊ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ၊ ပဲပင်ပေါက်နှင့် ငွေနှင်းမှို ထုတ်လုပ်ရေးလုပ်ငန်းများ၊ တစ်သျှူးငှက်ပျော စသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်