ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း(၃)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

 

ရန်ကုန်   ဒီဇင်ဘာ   ၁၀


မြန်မာ-တရုတ် သံတမန်ဆက်ဆံ ရေး (၇၀)ပြည့်နှစ်ကို ဂုဏ်ပြုသော အားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရည်ရွယ်ထုတ်ဝေသည့် ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်း ထုတ်လုပ်မှု (၃)  နှစ်ပြည့်    အခမ်းအနားကို ယနေ့ညနေပိုင်းက   ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်     သုဝဏ္ဏ ဘောလုံးကွင်းဝင်း     အတွင်းရှိ Myanmar   Sport   Hotel   တွင် ကျင်းပရာ  ပြည်ထောင်စုစာရင်း စစ်ချုပ်   ဦးတင်ဦး  တက်ရောက် ဂုဏ်ပြုသည်။

 


အခမ်းအနားသို့   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြား ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဦးရဲတင့်နှင့်      တာဝန်ရှိသူများ၊    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင် နိုင်မိုး)   နှင့်     အမှုဆောင်များ၊   မြန်မာနိုင်ငံဆိုင်ရာ      တရုတ် ပြည်သူ့သမ္မတနိုင်ငံ   သံမှူးကြီး Dr. Zheng Zhihong နှင့်   မြန်မာ- တရုတ်     ချစ်ကြည်ရေးအသင်း    (ဗဟို)၊     မြန်မာ-တရုတ်  ပူးပေါင်း ဆက်ဆံရေးဗဟိုနှင့်    ဆွေမျိုး ပေါက်ဖော်    မဂ္ဂဇင်းမှ     တာဝန်ရှိ သူများ၊   ဖိတ်ကြားထားသော   ဧည့်သည်တော်များ တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က  ဂုဏ်ပြုအဖွင့်အမှာစကား     ပြောကြားပြီး    ဒုတိယဝန်ကြီး၊     မြန်မာနိုင်ငံဆိုင်ရာ        တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး နှင့်  မြန်မာ-တရုတ်  ချစ်ကြည် ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊   မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေး       ဗဟိုအသင်းနှင့်    ဆွေမျိုးပေါက် ဖော် အသင်း၏    ဦးဆောင်နာယက၊    သံအမတ်ကြီး (ငြိမ်း)   ဦးစိန်ဝင်း အောင်တို့က        ဂုဏ်ပြုစကားများ     ပြောကြားကြသည်။
ထို့နောက်   ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ထုတ်ဝေ ခဲ့သည့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း မှ နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုင်ရာ စာပေများကို     ရေသားခဲ့သော ပုဂ္ဂိုလ်များကို     ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်က မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေးဗဟို အသင်း   ဗဟိုအလုပ်အမှုဆောင်ဦးအေးမင်း နှင့်   ဆွေမျိုးပေါက်ဖော်     မဂ္ဂဇင်း အယ်ဒီတာချုပ်     ဦးရဲနိုင်စိုးကို    လည်းကောင်း၊  မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နာယက ဦးတင်ဆန်းက မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဗဟို ဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်း ဆက်ဆံရေး   ဗဟိုအသင်းနှင့် ဆွေမျိုးပေါက်ဖော်       မဂ္ဂဇင်း      ဦးဆောင်နာယက သံအမတ်ကြီး (ငြိမ်း)      ဦးစိန်ဝင်းအောင်နှင့် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံ ရေး    ဗဟိုအသင်း    Senior Persident ဦးသစ္စာ (Mr. Li Bo Bo)တို့ကိုလည်းကောင်း ဂုဏ်ပြု ဆုများချီးမြှင့်သည်။  
ဆက်လက်၍    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  ဥက္ကဋ္ဌ က   ဆွေမျိုးပေါက်ဖော်  မဂ္ဂဇင်း စာမူရှင်   ဦးမျိုးထွန်း   (မောင်စိမ်း နောင်-လယ်ဝေး) နှင့်     စာမူရှင် ဦးလှိုင်ဝင်း    (မြင့်ဝေလှိုင်)  ကို လည်းကောင်း    ဆုများ    ချီးမြှင့် သည်။   ယင်းနောက်   ဆွေမျိုး ပေါက်ဖော်   မဂ္ဂဇင်း     စာမူရှင်     ဒေါက်တာ     အောင်မြင့်ဦးနှင့်     စုသက်မှူး (မရမ်းကုန်း)၊ ဆွေမျိုး ပေါက်ဖော်   စာမူရှင်     ဦးကောင်း စံလင်း (ဆူးလေ)၊  ဦးသန်းထိုက်စိုး ( သန့်မောင်)  နှင့်      ဦးလွင်မင်းဦး တို့ကို တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ     ပေးအပ်    ချီးမြှင့်ကြ သည်။ 
ဆက်လက်၍ ဆွေမျိုးပေါက် ဖော်မဂ္ဂဇင်း၏ စာဖတ်ပရိသတ် တစ်ဦးက ၎င်း၏ စာပေအမြင်ကို ရှင်းလင်းပြောကြားရာ အယ်ဒီတာ ချုပ်က     ကျေးဇူးတင်စကား      ပြန်လည်ပြောကြားပြီး   တက် ရောက်လာကြသူများက စုပေါင်း မှတ်တမ်း      ဓာတ်ပုံရိုက်ကြ သည်။

          
 သတင်းစဉ်  
ဓာတ်ပုံ - ဇော်မင်းလတ်