လျှပ်စစ်ကား ဝယ်ယူသုံးစွဲသူများသည် အစိုးရ၏ ထောက်ပံ့ကူညီငွေ ဒေါ်လာ ၇၅၀၀ အထိ ရယူနိုင်မည်

 

နိုင်ငံအသီးသီး၏ အစိုးရများ ထောက်ပံ့ကူညီပေးမှုဖြင့် လျှပ်စစ်မော်တော်ကားများ   ဝယ်ယူစီးနင်းခြင်းမှာ ကမ္ဘာ့နိုင်ငံများ၌      ရေပန်းစားလာလျက်ရှိသည်။ Bloomberg နှင့် Yelp တို့ ၏ ခန့်မှန်းချက်များအရ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌   လူစီးလျှပ်စစ်ကား အစီးရေ ၁၀ ဒသမ ၆ သန်းကျော်   ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသဖြင့် ယခင်နှစ်နှင့်   နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြ ခြင်းဖြစ်သည်။

 


အမေရိကန်ပြည်ထောင်စု၌ လျှပ်စစ်မော်တော်ယာဉ် သတ်မှတ်ချက်  ဥပဒေအသစ်ဖြစ်သည့်   Inflation Reduction Act 2023 အရ လာမည့် ၂၀၂၃ ခုနှစ်အတွင်း လူစီးလျှပ်စစ်ကားများ၏ ရောင်းအား ပိုမိုမြင့်တက် လာနိုင်ပြီး လျှပ်စစ်ကား ဝယ်ယူသုံးစွဲသူများသည် အစိုးရ၏ ထောက်ပံ့ကူညီငွေဒေါ်လာ ၇၅၀၀ အထိ ရယူနိုင်မည်ဟု  သိရသည်။ 

 


အစိုးရ၏ ထောက်ပံ့ကူညီမှုကြောင့် အမေရိကန် ပြည်တွင်း၌     လျှပ်စစ်ကားဘတ်ထရီထုတ်လုပ်မှု အရှိန်များလည်း   ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

 


လျှပ်စစ်ကားသီးသန့်ရောင်းချသော    အရောင်း ကိုယ်စားလှယ်များ၏   ခန့်မှန်းချက်အရ    ယခုနှစ် အတွင်း လျှပ်စစ်ကားရောင်းချရန်   မူလခန့်မှန်းထားသည့် ၂၀ ရာခိုင်နှုန်းထက် ပိုမိုရောင်းချနိုင်မည်ဟု ဆိုကြသည်။ 

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊