
နေပြည်တော် ဒီဇင်ဘာ ၉
ပြည်ထောင်စုနယ်မြေ လယ်ဝေး မြို့နယ် သီရိမင်္ဂလာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုး ထုတ်လုပ်ရေးအတွက် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ၊ သွင်း အားစုကုမ္ပဏီများနှင့် တောင်သူ များ အထူးတွေ့ဆုံပွဲ ကျင်းပ သည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်၍ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ရည်ရွယ်ကာ လယ်ဝေးမြို့နယ်တွင် နွေစပါး စိုက်ပျိုးထုတ်လုပ်ရေး ဧက ၉၀၀၀ လျာထားဆောင်ရွက်လျက် ရှိပါ ကြောင်း၊ နွေစပါးစိုက်ပျိုး ရန် ရေလိုအပ်ချက်များကိုလည်း ပေါင်းလောင်းဆည်၊ ချောင်းမငယ်၊ မဒန်းနှင့် သဲဖြူဆည်တို့တွင် ရေလုံလောက်စွာ သိုလှောင်ထားရှိ သည့်အတွက် နွေသီးနှံစိုက်ပျိုး ရာသီတွင် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု နယ်မြေ နေပြည်တော် စိုက်ပျိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လယ်ဝေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစောဝင်းက နွေစပါး စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာ့ လယ်ယာစီးပွားနှင့် အများပိုင် ကုမ္ပဏီလီမိတက်နှင့် နေပြည် တော် ဒေသကော်မတီ ဆန်စပါး အသင်းတို့မှ တာဝန်ရှိသူများက နွေစပါးစိုက်ပျိုး ထုတ်လုပ်ရေး နှင့် ဝယ်ယူရေးအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံတောင်သူ များက နွေစပါးစိုက်ပျိုးရေး၊ ရောင်းချရေးများနှင့် စပ်လျဉ်း၍ မေးခွန်းများမေးမြန်းရာ သက်ဆိုင် ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်းဆွေးနွေးကြောင်း သိရ သည်။
ဝေကြည် (ပြန်/ ဆက်)