
နေပြည်တော် ဒီဇင်ဘာ ၉
(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲ၏ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
အစီအစဉ်အရ မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် သဘာပတိ အဖြစ် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲ ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စုစုဒွေး က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင် များအဖြစ် တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးဝထွန်း၊ ပါမောက္ခချုပ်(ငြိမ်း)၊ ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စန်းစန်းနွဲ့ တို့က ဆောင်ရွက်ကာ သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
နှီးနှောဖလှယ်ပွဲတွင် ပါမောက္ခ ချုပ်(ငြိမ်း)၊ ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာစန်းစန်းနွဲ့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးဝထွန်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းညွန့်တို့က ဆောင်ရွက်သည်။
ထို့နောက် ရိုးရာတိုင်းရင်း ဆေးကုထုံး နည်းစနစ်များနှင့် ဆေးဝါးများကို လက်တွေ့ အသုံးချနိုင်ရေးအတွက် စနစ်တကျ ဖော်ထုတ်နိုင်ရန် စာတမ်းများ ဖတ်ကြားဆွေးနွေးကြရာ ကချင် ပြည်နယ် ညီလာခံကိုယ်စားလှယ် ဆရာမကြီး ဒေါ်ကြည်ဌေး က “ရိုးရာဆေးအစ်ဖြင့် လှည့်လည် အသုံးပြုကုသမှု” ၊ တိုင်းရင်းဆေး တက္ကသိုလ်၊ ခန္ဓာဗေဒဌာန၊ ကထိက/ ဌာနမှူး (ငြိမ်း) ဒေါက်တာနွယ်ဝင်းက “နက္ခတ္တနယ ဆေးပညာ ဝိုင်းဝန်းဖော်ထုတ် ထိန်းသိမ်းပါ” ၊ ကရင်ပြည်နယ်မှ ဒေါက်တာသီသီထိုက်က “ကရင် ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ ကျေးရွာများတွင် အသုံးပြုနေ သော ဆေးဖက်ဝင် အပင်အချို့ ကို လေ့လာခြင်း” ၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဦးသိန်းဇော်က “သွပ်ပြာစီရင်ခြင်းနှင့် သွပ်ပြာ အသုံးပြုပုံများအား လေ့လာ တင်ပြခြင်း”၊ ရှမ်းပြည်နယ် ညီလာခံကိုယ်စားလှယ် ဦးမင်း ဟန်က “ရှမ်းရိုးရာ ထယ်နင်း “ယိမ့်ထိုင်” အပူပေးကုသမှုကို ဖော်ထုတ်လေ့လာခြင်း” စာတမ်း များ ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် နှီးနှော ဖလှယ်ပွဲ ဒုတိယပိုင်း အစီအစဉ် များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ နာယကဆရာကြီး ဦးမြင့်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ကာ သဘာပတိ အဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဆရာ ဦးအောင်မြတ်ကျော်နှင့် တိုင်းရင်းဆေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ သိန်းဇော်လင်းတို့က ဆောင်ရွက် ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမှ ဆွမ်ဒူဇော်နော်နှင့်အဖွဲ့က “ကချင် တိုင်းရင်းသားများ၏ ရိုးရာ အာဟာရဖြည့်စွက်စာ”၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ ညီလာခံ ကိုယ်စားလှယ် ဒေါ်ဥမ္မာမြတ်က “သင်အံကျက်မှတ် လက်ဆင့် ကမ်းလာ တြိသတ် ကုထုံးလင်္ကာ”၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်နှင်းဆီ က “အစွမ်းထက်သော ဆေးပင် အကြောင်း(သို့) ပတ္တမြား စန္ဒီပင်”၊ ရခိုင်ပြည်နယ် တောင်ကုတ်မှ ဦးလှမြင့်အောင်နှင့်အဖွဲ့က “ရခိုင် ရိုးရာ ဓာတ်ငုပ်နာကုထုံး”၊ တိုင်းရင်း ဆေးတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်(ငြိမ်း) ဦးဝင်းစိုးက “မြန်မာ့ အာယုဗ္ဗေဒဆေးပညာနှင့် အပိန် အဝ ပြဿနာလာ အပိန်အဝနှင့် ပတ်သက်သည့် ဆောင်ပုဒ်လင်္ကာ များအား စာပေသုတေသနအမြင် ဖြင့် လေ့လာခြင်း” စာတမ်းများ ဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲတက် ရောက်လာကြသူများက စာတမ်း များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးအကြံပြုကြကာ ပညာ ရပ်များ နှီးနှောဖလှယ်ကြသည်။
ဆက်လက်၍ မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲ ပိတ်ပွဲ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ စာတမ်းရှင်များ၊ ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ပေးသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် အဘက် ဘက်မှ ပူးပေါင်းပါဝင်ပံ့ပိုး ကူညီပေးကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်း ရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုကဲ့သို့ စုပေါင်းအား ဖြင့် ဆက်လက်ဆောင်ရွက်ကြရန် ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်