မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ Bank Of China ပညာသင်ဆုပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ Thai Business Association of Myanmar ၏ President ဦးဆောင်သည့်အဖွဲ့ကို အလုပ်သဘောတွေ့ဆုံ

 

နေပြည်တော် ဒီဇင်ဘာ ၉


မြန်မာနိုင်ငံ၏  ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Bank of China (Hongkong) Yangon Branch နှင့် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာ (CPPA Myanmar Office) တို့ပူးပေါင်း၍ Bank Of China  ပညာသင်ဆု ပေးအပ်ပွဲ  အခမ်းအနားကို  ယနေ့နံနက်  ၉  နာရီ မိနစ် ၅၀ က ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပ သည်။

 


အခမ်းအနားသို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အတူ  စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ   Counsellor ၊  ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် Bank of China (Hongkong) Yangon Branch မှ တာဝန်ရှိသူ များ တက်ရောက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံ    သံအမတ်ကြီးတို့က    အမှာစကားပြောကြား ကြသည်။         မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက Bank  of  China  အနေဖြင့်  ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသာမက   ပညာရေး၊  လူမှုရေး၊ စီးပွားရေး   ဖွံ့ဖြိုးတိုးတက်စေရေးတို့တွင်   ပံ့ပိုး လုပ်ဆောင်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း နှင့်  မြန်မာနိုင်ငံအစိုးရဌာနများနှင့် ယခုလို ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့်   နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး မှုကို   အဓွန့်ရှည်တည်တံ့စေရန်   အထောက်အပံ့ ကောင်းများဖြစ်သဖြင့်  နှစ်ဦးနှစ်ဖက်  အကျိုးဖြစ်ထွန်း ပြီး    အောင်မြင်မှုများ   ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာသင်ဆုချီးမြှင့် ခြင်းအစီအစဉ်ကို      ဆက်လက်လုပ်ဆောင်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 


နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေး


အလားတူ    မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မွန်းလွဲ ၃  နာရီခွဲတွင် Thai Business Association of Myanmar ၏ President ဖြစ်သူ Mr. Nuttaphong Visitkitchan ဦးဆောင် သည့်အဖွဲ့ကို   မြန်မာနိုင်ငံတော်ဗဟိုဘဏ်   ရန်ကုန် ဘဏ်ခွဲ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ထိုင်းလုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှု၊ ထိုင်းဘတ်နှင့် မြန်မာကျပ် သုံးစွဲ၍  နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို  ဆွေးနွေး သည်။

 


အဆိုပါ   ဆွေးနွေးပွဲသို့   ထိုင်းဗဟိုဘဏ်မှ Payment   ဆိုင်ရာ   တာဝန်ရှိသူ၊    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   အမြဲတမ်း အတွင်းဝန်နှင့်   ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု များ  မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူးတို့က  Online ဖြင့်   တက်ရောက် ခဲ့ကြောင်း သိရသည်။                   
       

သတင်းစဉ်