
နေပြည်တော် ဒီဇင်ဘာ ၉
လာအိုနိုင်ငံ လွန်ပရာဘမ်မြို့၌ ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသော (၂၅) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီး များအဆင့် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါ မောင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ဝန်ကြီးများအဆင့် အလွတ် သဘော အစည်းအဝေးကို ကျင်းပ ပြီး ဂျီအမ်အက်စ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဂျီအမ်အက်စ် အသိပညာကွန်ရက် ထူထောင် ခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ က အလွတ်သဘော ဆွေးနွေး ကြသည်။
မွန်းလွဲပိုင်းတွင် မဟာမဲခေါင် ဒေသခွဲ ဝန်ကြီးများအဆင့် စုံညီ အစည်းအဝေးကို “အားလုံးပါဝင် ပြီး ရေရှည်ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် နှစ် ၃၀ အတွင်း ရရှိခဲ့သည့် မဟာမဲခေါင် ဒေသခွဲ၏ အောင်မြင်မှုများမှ တစ်ဆင့် စီးပွားရေးပြန်လည်ကောင်းမွန်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ရေး”ဟူသည့် ခေါင်းစဉ် ဖြင့် ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တွင် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုး ရေးဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြသည်။
ဝန်ကြီးများအဆင့် စုံညီ အစည်းအဝေးတွင် အဆင့်မြင့် အရာရှိများ အစည်းအဝေး၊ စီးပွား ရေးကောင်စီ အစည်းအဝေးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်း အဝေးအစီရင်ခံစာတို့ကို ရှင်းလင်း တင်ပြခဲ့ပြီး ဒေသတွင်း ရင်းနှီး မြှုပ်နှံမှု မူဘောင်အသစ် (၂၀၂၃-၂၀၂၅)၊ ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင် ၂၀၃၀ အတွက် ရလဒ် မူဘောင်၊ ဂျီအမ်အက်စ် ကျားမ ရေးရာ မဟာဗျူဟာ၊ ဂျီအမ်အက်စ် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကနဦး လုပ်ဆောင်ချက်တို့ကို အတည်ပြု ခဲ့ပြီး (၂၅)ကြိမ်မြောက် ဂျီအမ် အက်စ်ဝန်ကြီးများအဆင့် အစည်း အဝေး၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ခမ်ဂျနီ ဗွန်ဖိုစီက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုး ရေးဘဏ်၊ အရှေ့အာရှ၊ အရှေ့ တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာဥက္ကဋ္ဌ မစ္စတာ အာမက် အမ်ဆာဆိက တွဲဖက်သဘာပတိ အဖြစ် ဆောင်ရွက်သည်။
အဆိုပါ (၂၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ အဆင့် စုံညီအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံ များဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်း ရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စား လှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ခန့် ပါဝင်တက်ရောက် ကြသည်။
သတင်းစဉ်