(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် အားကစားသမားများနှင့် တွေ့ဆုံ

 

နေပြည်တော်    ဒီဇင်ဘာ   ၉


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများကို တွေ့ဆုံခြင်းနှင့် အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်  ဆောက်လုပ်ရေးဝန်ကြီးဌာန  စုဝေးခန်းမ၌ ကျင်းပသည်။

 


ဦးစွာ     ပြည်ထောင်စုဝန်ကြီး    ဦးမျိုးသန့်က နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် နှင့်    နိုင်ငံဂုဏ်ဆောင်    အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို    ကျင်းပပေးခြင်းဖြစ်သည့်အတွက် ကြုံတောင့်ကြုံခဲ  အခွင့်အရေးတစ်ခုကို  လက်ဆုပ် လက်ကိုင်ပြုနိုင်ရန် ဇွဲ ၊ လုံ့လ ၊ ဝီရိယအပြည့်ဖြင့် ဖြူစင်သောစိတ်ဓာတ်ထားရှိပြီး  ကြိုးစားယှဉ်ပြိုင်  ရမည်ဖြစ်ကြောင်း။

 


နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသည့် ဝန်ထမ်း များသည် ကျန်းမာကြံ့ခိုင်မှုအမြဲပြည့်ဝနေရန် လိုအပ် ပြီး ကျန်းမာကြံ့ခိုင်မှသာ  မိမိတို့၏  ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ဌာန၏ ဂုဏ်ကို မြှင့်တင်ရာရောက်ပါကြောင်း၊ မိမိတို့ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများအလိုက်   အောင်မြင်မှုများ ရရှိအောင်      အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းတကျ ကြိုးစားရမည်ဖြစ်ပါကြောင်း။

 


(၇၅)   နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲအသီးသီးမှတစ်ဆင့် မိမိတို့၏    အရည်အချင်းများကို   ဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများဖြစ်အောင်   ကြိုးစားကြရန်၊ အားကစားသမားကောင်းပီသသည့် စိတ်ဓာတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်       တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 


ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအသင်းအလိုက် တာဝန်ရှိသူ များက  အားကစားပြိုင်ပွဲ  ကြိုတင်လေ့ကျင့်နေမှု များနှင့် ဆောင်ရွက်ထားရှိမှုတို့ကို  ရှင်းလင်းတင်ပြ ကြသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ် ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အောင်ပွဲဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကို အပ်နှင်းပေးအပ်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန          အားကစားအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်  ဦးလှထွန်းဦးနှင့်   အသင်းအုပ်ချုပ်သူများက လက်ခံရယူပြီး  ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့် ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က အားကစားအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။

 


၂၀၂၃  ခုနှစ်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီး ချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန         ကိုယ်စားပြုအသင်းများမှ အားကစားသမား    ၇၈    ဦးသည်  ဘော်လီဘော၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး စသည့် အားကစားနည်း ငါးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။                  

သတင်းစဉ်