(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၉


(၇၅)  နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်ဧည့်ခံပွဲ နှင့်ညစာစားပွဲ   အခမ်းအနားအောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ   ဒုတိယအကြိမ်   ညှိနှိုင်းအစည်းအဝေးကို  ယနေ့  မွန်းလွဲ  ၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


အစည်းအဝေးကို   စိန်ရတုလွတ်လပ်ရေးနေ့   ဧည့်ခံပွဲနှင့်  ညစာ စားပွဲ  ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်၍ လုပ်ငန်းကော်မတီ ဝင်များ၊   လုပ်ငန်းအဖွဲ့များမှ    ဥက္ကဋ္ဌများနှင့်    သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး  (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်  ညစာစားပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အနေဖြင့်   ဆောင်ရွက်ရမည့်လုပ်ငန်းများကို   စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီသို့  တင်ပြအတည်ပြုချက်ရယူရမည့်အချက် များ၊ ဆောင်ရွက်ထားရှိမှု၊  ဆောင်ရွက်ရန် ကျန်ရှိနေမှုများနှင့် အခြား လုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်လုပ်ငန်း များ၊  အကြံပြုချက်များအား အစည်းအဝေးသို့ တက်ရောက်လာကြသူ များက   ကဏ္ဍအလိုက်   အသီးသီးရှင်းလင်းတင်ပြချက်များအပေါ်   စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။                            

 သတင်းစဉ်