
နေပြည်တော် ဒီဇင်ဘာ ၉
စင်ကာပူနိုင်ငံ၌ ဒီဇင်ဘာ ၁၀ ရက် တွင် ကျင်းပမည့် အာရှ-ပစိဖိတ် ဒေသတွင်း အရိုးပွရောဂါဆိုင်ရာ လုပ်ငန်းအဖွဲ့ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာတက်ထွန်း ချစ် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးစဉ် အမှတ် SQ-761 ဖြင့် ထွက်ခွာသွား ခဲ့သည်။
အဆိုပါ အာရှ-ပစိဖိတ်ဒေသ တွင်း အရိုးပွရောဂါဆိုင်ရာလုပ်ငန်း အဖွဲ့သည် အရိုးပါး၊ အရိုးပွရောဂါ ကုသရေးနှင့် အရိုးကျိုးမှုများကို ကာကွယ်ရန်အတွက် ဒေသတွင်း ပညာရှင်များစုပေါင်း၍ ကုသရေး ဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဆိုပါအဖွဲ့တွင် မြန်မာ နိုင်ငံမှ ကျန်းမာရေးပညာရှင် အဖွဲ့ဝင်အဖြစ် ပါမောက္ခ ဒေါက်တာ တက်ထွန်းချစ်က ၂၀၁၉ ခုနှစ် မှစတင်၍ ပါဝင်ဆောင်ရွက်ခဲ့ရာ ယခုကျင်းပမည့် ထိပ်သီးအစည်း အဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် နိုင်ငံတကာမှ ပညာရှင်များနှင့်အတူ ဆွေးနွေး ကြမည်ဖြစ်သဖြင့် နိုင်ငံ၏ အရိုးပါး၊ အရိုးပွရောဂါကုသရေးနှင့် အရိုးကျိုးမှုများကို ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု များအတွက် များစွာအကျိုးရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်