အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပပြုလုပ်မည့် အာရှဒေသ ဆေးနှင့် ကျန်းမာရေးပညာရပ်များ သင်ကြားရေးဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဖိုရမ်သို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်

 

နေပြည်တော်  ဒီဇင်ဘာ ၈


အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ဒီဇင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည့်   အာရှဒေသ ဆေးနှင့် ကျန်းမာရေးပညာရပ်များ သင်ကြားရေးဆိုင်ရာ    အရည် အသွေးမြှင့်တင်ရေးဖိုရမ်   (Asia Quality Forum for Medical and Health Profession Education)သို့    တက်ရောက်ရန်အတွက် အာရှ-ပစိဖိတ်ဒေသ ကျန်းမာရေး လူ့စွမ်းအား  အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး မဟာမိတ်အဖွဲ့ (Asia Pacific Action Alliance on  Human   Resources  for Health-AAAH)ဥက္ကဋ္ဌနှင့် အရှေ့ တောင်အာရှဒေသ   ဆေးပညာ  သင်ကြားရေးအဖွဲ့  (The South East Asia Regional Association for Medical Education- SEARAME) ဒုတိယဥက္ကဋ္ဌဖြစ်သူ ကျန်းမာ ရေးဝန်ကြီးဌာန   ကျန်းမာရေး  လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန       ညွှန်ကြားရေးမှူးချုပ်     ဒေါက်တာ တင်ထွန်းနှင့် ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊  ဆေး ပညာသင်ကြားရေး/ပညာပေးဌာန နှင့်   နိုင်ငံခြားဆက်သွယ်ရေးဌာန မှ  ညွှန်ကြားရေးမှူး  ဒေါက်တာ ကျော်စိုးညွန့်တို့သည်     (ယာပုံ) ဒီဇင်ဘာ  ၆ ရက်  ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် အမှတ် TG-2304 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့်  အင်ဒို နီးရှားနိုင်ငံ   ဘာလီမြို့သို့ ထွက်ခွာ ကြောင်း သိရသည်။

 


အဆိုပါ  အာရှဒေသ   ဆေး နှင့်   ကျန်းမာရေးပညာရပ်များ သင်ကြားရေးဆိုင်ရာ    အရည် အသွေးမြှင့်တင်ရေး   ဖိုရမ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ လုံးဆိုင်ရာ    ကျန်းမာရေးလူ့စွမ်း အား    အရင်းအမြစ်များ   ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ(၂၀၃၀)နှင့်အညီ အရှေ့တောင်အာရှဒေသ အတွင်း ဆေးပညာသင်ကြားရေး ဆိုင်ရာ  အရည်အသွေးမြှင့်တင်ရန် အတွက် အရှေ့တောင်အာရှဒေသ ဆေးပညာ    သင်ကြားရေးအဖွဲ့ (SEARAME)  နှင့်   နိုင်ငံတကာ အဆင့်မြင့် ကျန်းမာရေးပညာရပ် သင်ကြားရေးဆိုင်ရာ   အရည် အသွေး     အသိအမှတ်ပြုရေး အေဂျင်စီ  (International Accreditation Agency for Higher Education in Health - IAAHEH) တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ၎င်းဖိုရမ်တွင်        ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်   ဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဆေးနှင့် ကျန်းမာရေးပညာရပ် သင်ကြား ရေးဆိုင်ရာ အရည်အသွေးအာမခံ ခြင်းစနစ်နှင့်    ပတ်သက်သည့် မြန်မာနိုင်ငံမှ အတွေ့အကြုံများကို မျှဝေခြင်း  (National  Quality Assurance System in Medical and Health Profession Education: Experiences and lessons learnt from Myanmar) ခေါင်း စဉ်ဖြင့် ဆွေးနွေးပြောကြားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်