တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်  ဒီဇင်ဘာ  ၈


ရဲဘော်စိတ်ဟူသည်      ရဲဘော် အချင်းချင်းအပေါ်    ထားရှိသော   မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်    ဖြစ် သည်နှင့်အညီ   တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ်အပြည့်ထားရှိ ပြီး  အထက်အောက် ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန်  လိုအပ် ကြောင်း  တပ်မတော်အကြီးအကဲ မှ  လမ်းညွှန်မှာကြားထားသည် ဖြစ်ရာ အုပ်ချုပ်မှု    ညီညွတ်မျှတ စေရန်အတွက်  ကွပ်ကဲအုပ်ချုပ် ရာ၌  တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊  ဖခင် သဖွယ်စိတ်ဓာတ်     (Fatherly Spirit)  တို့ဖြင့်  ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့်   အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တို့မှ      တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာ  ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ  သင်တန်းကျောင်းများ သို့သွားရောက်၍ အရာရှိ၊စစ်သည်၊  မိသားစုများကို   ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲ များ ပြုလုပ်ပေး၍  တက်ရောက် အားပေးကာ   အရာရှိ၊   စစ်သည်၊ မိသားစုများနှင့်     အတူတကွ လက်ရေတစ်ပြင်တည်း နေ့လယ် စာသုံးဆောင်ခဲ့ကြသည်။

 


ထို့အတူ   တိုင်းစစ်ဌာနချုပ်များ အလိုက်   တပ်နယ်အသီးသီးမှ တပ်မတော်   အရာရှိကြီးများက လည်း   ၎င်းတို့၏   ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ      ပြုလုပ်၍   တက်ရောက်အားပေးကာ  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်  အတူ တကွ နေ့လယ်စာသုံးဆောင်ခဲ့ ကြောင်းသတင်း ရရှိသည်။                                                           

သတင်းစဉ်