အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁၆) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင် တင်ဆက်ပွဲအခမ်းအနားကျင်းပ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး) သို့ စက်ဘီးများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဒီဇင်ဘာ ၈


အမျိုးသားယဉ်ကျေးမှုနှင့်  အနု ပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၁ - ၂၀၂၂  ပညာသင်နှစ် (၁၆)ကြိမ်မြောက်    ပန်းချီ၊   ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်   ပြဇာတ်    စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်       မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌   ကျင်းပရာ သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို   တက်ရောက်အားပေး သည်။ 

 


အခမ်းအနားသို့    မန္တလေး တိုင်းဒေသကြီး     အစိုးရအဖွဲ့ ဝန်ကြီးချုပ်     ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာန ဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ ချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊      ဝန်ထမ်းများ၊ ဖိတ်ကြားထားသော  ဧည့်သည် တော်များနှင့်       ကျောင်းသား ကျောင်းသူများ  တက်ရောက်ကြ သည်။

 


အခမ်းအနားတွင်     ပြည် ထောင်စုဝန်ကြီးက မြန်မာတို့၏ ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက် အဓွန့်ရှည်တည်တံ့ လျက်ရှိသော အနုသုခုမပညာရပ် များသည် ယနေ့ထက်တိုင် ခိုင်မြဲ လျက်ရှိနေကြောင်း၊    ယခုကဲ့သို့ ခိုင်မြဲနေခြင်းသည်လည်း လူငယ် မျိုးဆက်သစ်များက     မြန်မာ့ အနုသုခုမပညာရပ်များကို ခေတ် အဆက်ဆက်    လက်ဆင့်ကမ်း ထိန်းသိမ်း   စောင့်ရှောက်ခဲ့သော ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိဝါသနာပါရာ အနုပညာရပ်များ ဖြင့် အနာဂတ်တွင် မိမိနိုင်ငံ မိမိ လူမျိုး၏      ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို    ထိန်းသိမ်း စောင့်ရှောက်ပြီး   အမျိုးသားရေး လက္ခဏာများ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်း    အစဉ်အလာများကို မပျောက်ပျက်အောင် ကာကွယ် စောင့်ရှောက်သွားကြရန်  တိုက် တွန်းလိုကြောင်း၊    ယဉ်ကျေးမှု ပျောက်လျှင်    လူမျိုးပါကွယ်ပျောက် သွားမည်ဖြစ်၍ အမိတက္ကသိုလ် ကြီးက သင်ကြားပေးလိုက်သည့် အနုပညာရပ်များကို  စနစ်တကျ လက်ဆင့်ကမ်း   ထိန်းသိမ်းစောင့် ရှောက်သွားကြရန်နှင့် ယဉ်ကျေး မှုကိုယ်ခံအား  တောင့်တင်းခိုင်မာ အောင်   ဆောင်ရွက်သွားကြရန် အလေးအနက်      မှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ဂုဏ်ပြု အမှာ စကားပြောကြားသည်။

 


ချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဧည့်သည်တော်များ သည် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာရပ်များကို သင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများ၏ စင်တင် တင်ဆက်မှုများကိုကြည့်ရှု အားပေးပြီး (အပေါ်ပုံ)   ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

 


အမျိုးသား   ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်   (မန္တလေး)တွင် မြန်မာ့ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို  သင်ကြားပေးခဲ့ သည်မှာ (၂၁)နှစ်တိုင်   ရှိခဲ့ပြီဖြစ် ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၅) ကြိမ် ကျင်းပခဲ့ပြီး  ဝိဇ္ဇာဘွဲ့ ၇၁၂ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၁၇၈ ဦး၊ ဘွဲ့လွန် အနုပညာဒီပလိုမာ ၂၇၇ ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ ၁၉ ဦး၊ မဟာဝိဇ္ဇာဘွဲ့  ၃၉ ဦး၊ ဂုဏ်ထူး ဆောင်မဟာဝိဇ္ဇာဘွဲ့   ၁၈   ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လေးဦး၊ ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာ ၁၀၇ ဦး စုစုပေါင်း  ၁၃၅၄  ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရ သည်။

 


အမျိုးသား   ယဉ်ကျေးမှုနှင့် အနုပညာ  တက္ကသိုလ်များတွင် မြန်မာ့ရိုးရာ    ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊  ပန်းပု   ပညာရပ်များကို လက်ဆင့်ကမ်း   ထိန်းသိမ်းသွား နိုင်စေရန်    ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်    ရှိသကဲ့သို့ နိုင်ငံတကာ၏       အနုပညာ   မျက်နှာစာတွင်    အထင်ကရဖြစ် သည့် ခေတ်နှင့်အညီ ဖြစ်ထွန်းနေ သော ရုပ်ရှင်နှင့်  ပြဇာတ်ပညာရပ် များကိုပါ   သင်ကြားပေးလျက်ရှိ သည်။

 


ညနေပိုင်းတွင်     အနုပညာ အထက်တန်းကျောင်း(မန္တလေး) ပန်တျာနှင့်  ပန်းချီ၊ ပန်းပုဌာနတို့ တွင်  တက်ရောက်သင်ကြားနေ သော ကျောင်းသား   ကျောင်းသူ များအတွက် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့     ဝန်ကြီးချုပ် မိသားစုက   စက်ဘီးများပေးအပ် လှူဒါန်းခြင်း      အခမ်းအနားကို အမျိုးသားကဇာတ်ရုံ   (မန္တလေး)တွင်     ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊ တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်       တာဝန်ရှိသူများ၊ ကျောင်းအုပ်နှင့်  ဆရာ  ဆရာမ များ၊     ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး       ဝန်ကြီးချုပ်တို့သည်  ကျောင်းသား ကျောင်းသူ ၂၀ ကို စက်ဘီးများ  ပေးအပ်လှူဒါန်းပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။                      

သတင်းစဉ်