
နေပြည်တော် ဒီဇင်ဘာ ၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Mongkol VISITSTUMP ကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာအားဖြင့် တည်ရှိသည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်