
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို မဲခွဲဆုံးဖြတ်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ မဲခွဲဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုပြဋ္ဌာန်းခဲ့သော ဒီဇင်ဘာလ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့်နည်းတူ မိမိနိုင်ငံ တွင်လည်း နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၊ ကျောက်စိမ်းခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။