
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် ကြီး H.E. Mr. Mongkol Visitstump အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများ နှင့် တပ်မတော်များအကြား အပြန်အလှန်ချစ်ကြည်ရေး ခရီး စဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် တရား မဝင် အလုပ်သမားတိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ လမ်းပန်းဆက်သွယ် မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံ ရေးရာကိစ္စရပ်များကို ရင်းနှီ ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
လက်ဆောင်ပစ္စည်း ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ကြ သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် အတူ ပထမအတွင်းဝန် Ms. Suchanaree Taranatham လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်