ထိုင်းကလပ် ဆာမတ်ပရာကန်အသင်းကို ခြေစမ်းပွဲတွင် မြန်မာအသင်း အနိုင်ရ

 

ရန်ကုန်   ဒီဇင်ဘာ   ၇


၂၀၂၂ AFF Cup   ပြိုင်ပွဲအတွက် ကြိုတင်    ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၇ ရက်က  ထိုင်းကလပ် ဆာမတ်ပရာကန်           အသင်းနှင့် ခြေစမ်းကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်   အသင်း သည် ထိုင်းကလပ် ဆာမတ်ပရာ ကန်အသင်းကို   ပထမပိုင်းသွင်းဂိုး များဖြင့်    အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများတွင်  ရလဒ်ကောင်း နေပြီး ယခုပွဲတွင်   ပြည်ပကလပ် များ၌   ကစားနေသူများကိုလည်း ထည့်သွင်းအသုံးပြုခဲ့သည်။

 


မြန်မာအသင်း၏    ပွဲထွက် လူစာရင်းတွင်   ကျော်ဇင်ဖြိုး (ဂိုး)၊ ငြိမ်းချမ်း၊  ရဲမင်းသူ၊   ဟိန်းဇေယျာ လင်း၊  နန္ဒကျော်၊  အောင်နိုင်ဝင်း၊ ကျော်မင်းဦး၊ ရန်နိုင်ဦး၊ ဟိန်းထက် အောင်၊ မြတ်ကောင်းခန့်၊   ဝင်းနိုင် ထွန်းတို့ကို အသုံးပြုခဲ့သည်။ 
မြန်မာအသင်းသည်     ပွဲစ ကတည်းက တိုက်စစ်အသားပေး ကစားခဲ့ပြီး          ၂၇  မိနစ်တွင်    ကွင်းလယ်         ကစားသမား အောင်နိုင်ဝင်းက  အဖွင့်ဂိုး  စတင် သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်း တွင်   မြန်မာအသင်း  ပိုဖိကစား လာနိုင်ပြီး       ၃၂    မိနစ်တွင် မြတ်ကောင်းခန့်က       ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။  

 


ဒုတိယပိုင်းတွင် မြန်မာအသင်း က     ကစားသမားများ       အပြောင်း အလဲပြုလုပ်ခဲ့ပြီး   ယှဉ်ပြိုင်ကစား ခဲ့သည်။            ဒုတိယပိုင်းတွင် ဆာမတ်ပရာကန်          အသင်းက ချေပဂိုးရရန် ပြန်လည်ကြိုးပမ်း လာပြီး   အခွင့်အရေးများ   ပြန်ရခဲ့ သော်လည်း   အသုံးမချနိုင်ခဲ့ပေ။ ၆၂ မိနစ်တွင် လှိုင်းဘိုဘို၏ အဝေး ကန်ချက်      ဘားထိထွက်ခဲ့သဖြင့် တတိယဂိုးနှင့်       လွဲချော်ခဲ့ရ သည်။

 


မြန်မာအသင်းသည် နိုဝင်ဘာ ၂၉ ရက်က  ကစားသည့် ပထမ ခြေစမ်းပွဲတွင်              ထိုင်းကလပ်   ချောင်ဘူရီအသင်းကို     လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။ 

 


မြန်မာအသင်းသည်   ထိုင်း ခရီးစဉ်     နောက်ဆုံး  ခြေစမ်းပွဲ အဖြစ်   ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းလက်ရွေးစင်   အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ- MFF