
နေပြည်တော် ဒီဇင်ဘာ ၇
(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ဒီဇင်ဘာ ၈ ရက်တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံအကြို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာ နိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး တို့က ဆောင်ရွက်ကြသည်။
အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ညီလာခံတွင်တင်သွင်းမည့် အဆို ပြုချက် ငါးခုနှင့် ပတ်သက်၍ ညီလာခံ ကိုယ်စားလှယ်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး အဖွဲ့ အလိုက်ပါဝင်သင့်သော ပညာရှင် ကြီးများနှင့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို ရွေးချယ်၍ အုပ်စုငါးစုခွဲကာ အဆိုပြုချက် တစ်ခုချင်းစီအတွက် အုပ်စု အလိုက် ဆွေးနွေးကြကာ တင်ပြ ဆွေးနွေးမည့် ကိုယ်စားလှယ်များ ကို ရွေးချယ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ညီလာခံ ကိုယ်စားလှယ်တော် ၂၇၈ ဦးနှင့် တာဝန်ရှိသူများသည် နေပြည် တော်ရှိ မာရဝိဇယရုပ်ပွားတော် မြတ်ကြီးကို သွားရောက်ဖူးမြော် ကြည်ညိုကြပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ကျင်းပသည့် (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာရှင်များ နှီးနှောဖလှယ် ပွဲသို့ တက်ရောက်လာသည့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီး မှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်း ဆေး မိသားစုများအနေဖြင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တွင် မြန်မာမှုတစ်ဖက်လှ ခြံစည်း ရိုး သုံးခန်းနှင့် စိန်တောင်စကျင် ကနုတ်ပန်း တစ်ခုအတွက် အလှူ တော် ငွေကျပ်သိန်းတစ်ရာကို လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကိုယ်စားလှယ် တော်ကြီးများနှင့် တာဝန်ရှိသူများ သည် အမျိုးသားပရဆေးဥယျာဉ် သို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိရာ ဥယျာဉ်တာဝန်ခံက ရှားပါးတိုင်းရင်းဆေးပင် မျိုးစိတ် များ၏ မျိုးရင်းများကို ထိန်းသိမ်း ထားရှိပုံနှင့် ပရဆေးပင်များ စိုက်ပျိုးထိန်းသိမ်းထားရှိခြင်းများ ကို ရှင်းလင်းတင်ပြခဲ့ပြီး ကိုယ်စား လှယ်တော်ကြီးများက အမျိုးသား ပရဆေးဥယျာဉ်အတွင်း လှည့် လည် လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် ကိုယ်စားလှယ် တော်ကြီးများနှင့် တာဝန်ရှိသူများ သည် ဥပ္ပါတသန္တိစေတီတော်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ၍ ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ပြီးနောက် ရဋ္ဌနန္ဒက ရတနာ ဆင်ဖြူတော် အပါအဝင် ဆင်ဖြူ တော်များနှင့် အဖော်ဆင်များထံ သွားရောက်၍ အစာအာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်