အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အစည်းအဝေးများကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၇


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး    လုပ်ငန်းကော်မတီ၏     (၁/၂၀၂၂)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်         ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံ ငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဦးမောင်မောင် ဝင်း၊  အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

 


လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းကော်မတီ၏ အဓိကတာဝန်မှာ သဘာဝ ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြု နိုင်ရန်နှင့်       ဘဏ္ဍာရန်ပုံငွေကို    စီမံခန့်ခွဲရာတွင် အမျိုးသားကော်မတီ၏     မူဝါဒ၊     လမ်းညွှန်ချက်၊ သက်ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း  များနှင့်အညီ ကိုက်ညီစေရေး၊ စနစ်တကျရှိစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသ  ကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား      ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ  ဝန်ကြီးဌာနများ၊   တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များက   တင်ပြတောင်းခံလာသည့်   သဘာဝ ဘေး စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ရန်ပုံငွေများ အပြင် ကိုဗစ်-၁၉ ကိစ္စရပ်များတွင် သုံးစွဲရန်အတွက်  သက်ဆိုင်ရာဌာန/   အဖွဲ့အစည်းများ၊    တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့   ရန်ပုံငွေများကို ခွင့်ပြုချက်ဖြင့် ထောက်ပံ့လွှဲပြောင်း  ပေးလျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝ ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ ထိရောက်လျင်မြန်စွာ  ဆောင်ရွက်နိုင်ရေးနှင့် ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ    သုံးစွဲဆောင်ရွက်နိုင်ရေး တို့အတွက်    ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်း နှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီးက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုဥပဒေ  ၂၀၁၃   ခုနှစ်ပါ   ပြဋ္ဌာန်းချက်အရ    ထူထောင်ထား သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေသို့  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ နှစ်စဉ်ထည့်သွင်းပေးလျက်  ရှိပါကြောင်း၊  ရန်ပုံငွေ များကို   သုံးစွဲရာတွင်  ဘဏ္ဍာရေး  စည်းမျဉ်းများ၊ တည်ဆဲဥပဒေ၊   လုပ်ထုံးလုပ်နည်းများ၊   ညွှန်ကြား ချက်များနှင့်အညီ   လိုက်နာဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက် စွာနှင့် အလေအလွင့်မရှိစေရေး သုံးစွဲရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက်  တင်ပြချက်များအပေါ်  ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 


မွန်းလွဲပိုင်းတွင်      အမျိုးသား    သဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ   (၁/ ၂၀၂၂) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေး    ဝန်ကြီးဌာန  စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်     လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က  နေပြည်တော်၊  တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်းရာသီနှင့်   နွေဦးကာလများတွင်    ဖြစ်ပွား လေ့ရှိသော   ဘေးများအတွက်     ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  ဆောင်ရွက်သောလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီး မှုနှင့် ကျန်ရှိသောလုပ်ငန်းများအတွက် သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ        စီမံ ခန့်ခွဲမှု  ကော်မတီဥက္ကဋ္ဌထံ  တင်ပြနိုင်ရေးအတွက် ကျိုးကြောင်းဖော်ပြချက်နှင့်အတူ ရှင်းလင်းတင်ပြ ပေးကြရန်နှင့်  ပြည်သူများပါဝင်သော ဇာတ်တိုက် လေ့ကျင့်မှုများ၊ ပြည်သူလူထု အသိပညာပေးလုပ်ငန်း များကို   အမျိုးသားကော်မတီဥက္ကဋ္ဌ၏    လမ်းညွှန် ချက်နှင့်အညီ ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုပါ ကြောင်း၊      လုပ်ငန်းကော်မတီဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ အား လျင်မြန်ထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

 


ယင်းနောက် လုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့  ဝန်ကြီးများ၊ ကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက   ဘေးအန္တရာယ်    စီမံ ခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်