
ပဲခူး ဒီဇင်ဘာ ၇
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင်မှ ထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်း တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။
သင်တန်းဖွင့်ပွဲတွင် ပဲခူး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က သင်တန်း အတွက် လိုအပ်သည့် သင်ထောက် ကူပစ္စည်းများနှင့် မြစိမ်းရောင် စီမံကိန်းအတွက် ငွေကျပ်သိန်း ၃၀၀ ကို ထောက်ပံ့ပေးအပ်ကာ ငှက်ပျောပင်မှ ထွက်ရှိ သည့် ပစ္စည်းများဖြင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်ခြင်းသင်တန်း လက်တွေ့သင်ကြားနေမှု၊ ငှက်ပျော ပင်၊ ငှက်ပျောရွက်၊ အင်ရွက်၊ စလူ ရွက်နှင့် ကွမ်းပင်အဖတ်များဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ထားရှိမှုနှင့် အခြေခံ စက်ချုပ်သင်တန်းတို့ကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး မြို့နယ် ကင်းချောင်းကျေးရွာ အုပ်စု၌ ဆောင်းပဲတီစိမ်း စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုနှင့် နွေစပါး စိုက်ပျိုးရေရရှိရေးအတွက် ဇောင်းတူရေပေးမြောင်း DY-1 နှင့် ဇောင်းတူမြောင်းမကြီး သဲနုန်း တူးဖော်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့် သွင်း အားစုများ ထောက်ပံ့ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။
သတင်းစဉ်