
နေပြည်တော် ဒီဇင်ဘာ ၆
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူ လူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ် နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ် တာဝန်များ ထမ်းဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုး ဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအား လည်းကောင်း၊ ၎င်းတို့နှင့် အမြင် အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထု များအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ PDF အမည်ခံ အကြမ်းဖက်သမား များက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရ သည်။
ထိုသို့ အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ သည် ပေါက်မြို့နယ် ကူးကား ကျေးရွာအုပ်စု ပေါက်ချောင်း အလယ်စုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးဝင်းနိုင်ကို သတ်ဖြတ်ပြီး ဆရာ ဆရာမ၊ ကျောင်းလုပ်သားတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး အဆိုပါ ကျေးရွာရှိ တေဇိန္ဒရာမကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား သတ်ဖြတ် သွားခဲ့ကြောင်း သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ပါ ဆရာ လေးဦး၊ ဆရာမ ခြောက်ဦး၊ ကျောင်းလုပ်သား တစ်ဦးတို့မှာ သူငယ်တန်းမှ သတ္တမတန်းအထိ တက်ရောက် ပညာသင်ကြားနေသော ကျောင်း သား ကျောင်းသူများအား ပညာ သင်ကြားပေးလျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ္ဆေ(ခ)အေးငြိမ်းဖြိုး ဦးဆောင် သော အင်အား ၂၀ ခန့်သည် ဆိုင်ကယ် ၁၀ စီးဖြင့် လက်နက် ကိုယ်စီကိုင်ဆောင် ရောက်ရှိ လာပြီး ဆရာ ဆရာမများအား CDM မလုပ်သဖြင့် ခြိမ်းခြောက် ပြောဆိုကာ ကျောင်းအုပ်ဆရာ ကြီး ဦးဝင်းနိုင် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်တွင် သေနတ်ကျည် ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ ၌ သေဆုံးခဲ့ကာ ဆရာမများ ဖြစ်သည့် ပေါက်မြို့နယ် အောက် တံခွန်ရပ်ကွက်နေ ဒေါ်ချမ်းမြေ့သူ (၂၈)နှစ်၊ အောင်တော်မူရပ်ကွက် နေ ဒေါ်ဌေးအိဝင်း(၂၈)နှစ်၊ ဆေးပင်ကြီးကျေးရွာနေ ဒေါ်နှင်း ဆီ (၂၈)နှစ်နှင့် ဂန့်ဂေါမြို့နယ်မောက်လင်းကျေးရွာနေ ဒေါ်သီ သီခိုင်(၂၃)နှစ်တို့ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။
ထို့နောက် အဆိုပါ PDF အကြမ်းဖက်အဖွဲ့သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပေါက်ချောင်း အလယ်စုကျေးရွာရှိ တေဇိန္ဒရာမ ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ သက်တော်(၆၀)နှစ်၊ ဝါတော်(၃၇)ဝါအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ဆရာတော်သည် ဖြစ်စဉ်နေရာ၌ ပင် ရရှိသောဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားခဲ့သည်။
အထက်ပါ ဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက် စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး ၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်