
မုံရွာ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် စီမံကိန်း များအတွက် ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်ယာ ကဏ္ဍများတွင် လုပ်ကိုင်ကြမည့် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေမြင့်မားလာခြင်း မှတစ်ဆင့် နိုင်ငံ့စီးပွားမြင့်မားလာ စေရန် ရည်ရွယ်ပြီး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စီမံကိန်း အတွက် နွေစပါး ဧက ၆၃၅၀၀ ကို စတင်အကောင်အထည်ဖော်သွား မည်ဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်နှင့် တင်ပြမှုရှိလာပါက နွေစပါးဧကများ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင်အတွင်း လျာထား သော်လည်း ကသာ၊ စစ်ကိုင်း၊ မော်လိုက်၊ ဟုမ္မလင်းခရိုင်များ တွင် တိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရန် လိုအပ်ပါကြောင်း။
စီမံကိန်းတွင် ပူးပေါင်းဆောင် ရွက်သွားမည့် အသင်းအဖွဲ့များ အနေဖြင့် စိုက်ပျိုးရေးသွင်းအားစု များဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ရောင်းချသည့် အသင်းများ၊ ဆန်စပါးအသင်း များ၊ ဆန်စက်ပိုင်ရှင်အသင်းနှင့် ကုန်စည်ဒိုင်အသင်းများကလည်း နိုင်ငံတော်အကျိုးစီးပွား၊ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား များအတွက် အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဝင်းလှိုင်ဦးက နွေစပါး အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လည်း ကောင်း၊ တိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်ကျော်လွင်က စီမံ ကိန်း အကောင်အထည်ဖော်ရေး အတွက် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့ သူ အစုအဖွဲ့များ ရွေးချယ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများ ကို လည်းကောင်း၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းနိုင် က စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး နိုင်ရေး လုပ်ငန်းအခြေအနေများ နှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြ သည်။
ဆက်လက်၍ ရွှေဘိုခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းတို့က ကဏ္ဏအလိုက် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ သည်။
သတင်းစဉ်