တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလားအလာရှိသောမြို့၊ ရွာများကို ခရီးသွားမြို့များ၊ ခရီးသွားကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်

 

နေပြည်တော်   ဒီဇင်ဘာ   ၆


အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး       ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ရှိ  ဟိုတယ်နှင့်      ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ    အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို  ကော်မတီ  ဥက္ကဋ္ဌ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး   စိုးဝင်း   တက်ရောက်  အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့       ပြည် ထောင်စု     ဝန်ကြီးများ၊     နေပြည် တော် ကောင်စီဝင်၊ ညွှန်ကြားရေး မှူးချုပ်များ၊      ခရီးသွားလုပ်ငန်းဆိုင်ရာ  တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ် ဝန်ကြီးချုပ်များ၊   အသင်းအဖွဲ့များနှင့်   တာဝန်ရှိသူ များက    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်    တက်ရောက် ကြသည်။ (ယာပုံ)
ဦးစွာ        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင်   ခရီးသွားလုပ်ငန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာသည့် ကမ္ဘာ့နိုင်ငံများ၏       စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြုံစဖူးထိခိုက်ခဲ့ ရာမှ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ လျော့နည်း လာခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းများ ပြန်လည် ရှင်သန်လာစေရန် နိုင်ငံအသီးသီးက ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်ကို ကြားသိနေရကြောင်း။

 


ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး


မိမိတို့နိုင်ငံတွင်  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု သည်  ရက်ပေါင်း ၂၀ ဆက်တိုက် ၁ ရာခိုင်နှုန်းအောက် သာရှိသည့်အတွက်      ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉   ကပ်ရောဂါ  ကာကွယ်ရေး  နောက်ဆုံး ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ  ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် အားလုံး ဝိုင်းဝန်းကြိုးပမ်း     ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။ 

 


 ခရီးသွားလုပ်ငန်းသည်     ကမ္ဘာ့စီးပွားရေးကို အထောက်အပံ့ပြုသည့် အရေးကြီးသော ကဏ္ဍများ အတွင်းမှ တစ်ခုဖြစ်ပြီး အလုပ်အကိုင် ၁၀ မျိုးတွင် တစ်မျိုးသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်  အလုပ်အကိုင်  အမျိုးအစားများပင်ဖြစ်သည့်အပြင်  ကမ္ဘာတစ်ဝန်းလုံးတွင်  အလုပ်အကိုင်ပေါင်း  သန်း ၃၂၀   ကျော်ကို   ဖန်တီးပေးပြီး  ကမ္ဘာ့  GDP   ၏ ၁၀  ရာခိုင်နှုန်းရှိသည်ဟု  ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ မှတ်တမ်းများအရသိရှိရကြောင်း၊ ထို့ပြင်  ခရီးသွားလုပ်ငန်းသည်    အသေးစား၊    အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာရန်  များစွာ အထောက်အပံ့ပြုသည်ဟု  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က   ထပ်လောင်း   အသိအမှတ်ပြု ထားကြောင်း။ 

 


ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်


ယနေ့အချိန်အခါတွင်   မြန်မာနိုင်ငံအပါအဝင်  နိုင်ငံပေါင်း ၂၀၀ ကျော်သည် ခရီးသွားလုပ်ငန်းများ ကို   ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊    ယင်းသို့ ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကမ္ဘာအနှံ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ   စက်တင်ဘာလအထိ    ကမ္ဘာလှည့် ခရီးသည် သန်း ၇၀၀ ခန့် လှည့်လည်ဝင်ရောက်ခဲ့ သည့်အတွက် ယမန်နှစ်က အလားတူကာလထက် ၁၃၃  ရာခိုင်နှုန်း ပိုမိုဝင်ရောက်ကြောင်းနှင့် ကိုဗစ် ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်ကာလ၏ ၆၅  ရာခိုင်နှုန်းထိ   ပြန်လည်ရောက်ရှိခဲ့သည်ကို   ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများ အရ သိရကြောင်း။ 

 


ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အသေး  စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် အဓိကမောင်းနှင်အား တစ်ခုဖြစ်ကြောင်း၊ MSMEs လုပ်ငန်းသည် နိုင်ငံတော်နှင့် လူမှုစီးပွားရေး တိုးတက်မှုကိုပါ အထောက်အကူပြုနိုင်သော အဓိက အခန်းကဏ္ဍဖြစ်သကဲ့သို့       ခရီးသွားလုပ်ငန်းများ ကလည်း  ဆက်စပ်စီးပွားအထောက်အကူ  ဖြစ်နေ  သည့်အတွက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် MSMEs  များကို တိုက်ရိုက်အထောက်အကူပြုနိုင်ရေး ပူးပေါင်း  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


ခရီးသွားလုပ်ငန်း MSMEs များဖွံ့ဖြိုးတိုးတက် စေရန်    ခရီးသွားလုပ်ငန်းနှင့်       ဆက်စပ်သည့် စားသောက်ကုန်များနှင့်  အမှတ်တရ လက်ဆောင် ပစ္စည်းများကို  မိမိတို့၏ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုပြီး    ထိုမှတစ်ဆင့်     အဆင့်မြင့်ကုန်ချော ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်  လိုအပ်သည့် နည်းပညာဗဟုသုတများနှင့် သင်တန်း များ၊   အလုပ်ရုံဆွေးနွေးပွဲများ၊   ပြပွဲပြိုင်ပွဲများဖြင့် လုပ်ငန်းရှင်များကို  ဆွဲဆောင်စည်းရုံး  ဆောင်ရွက် သွားကြရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသ ကြီးများကို တိုက်တွန်းလိုကြောင်း။ 

 


ဆင့်ပွားအကျိုးကျေးဇူးများရရှိမည်


MSMEs  လုပ်ငန်းအများစုအနေဖြင့်  မတည် ရင်းနှီးငွေ၊   နည်းပညာ၊  အခြေခံ   အဆောက်အဦ၊  ကျွမ်းကျင်လုပ်သား၊ ဈေးကွက်ရရှိရေး အစရှိသည် တို့တွင်    စိန်ခေါ်မှုများ    အများဆုံးကြုံတွေ့ရလေ့ ရှိရာ    တိုင်းဒေသကြီးနှင့်      ပြည်နယ်အစိုးရများ၊ ကျွမ်းကျင်ပညာရှင်များနှင့်   ဟိုတယ်နှင့်  ခရီးသွား လုပ်ငန်းရှင်များအနေဖြင့်    ဒေသထုတ်ကုန်များကို အခြေခံသည့်  ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးနှင့်    အသေးစား၊    အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့်   ဆင့်ပွား  အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်၏    စီးပွားရေးမူဝါဒသည်    ပြည်သူ ဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက်  ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ဒေသခံ ပြည်သူများ  ထိထိရောက်ရောက် ရရှိခံစားနိုင်စေ ရန်နှင့်  ခရီးသွားလုပ်ငန်းများ  ဖော်ဆောင်ရာတွင် လည်း     ဒေသခံပြည်သူများ၏     အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်မှုကိုရပြီး  အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်လာစေရန်လည်း     စည်းရုံးဆောင်ရွက် ရမည်ဖြစ်ကြောင်း။

 


ထို့ပြင်    ခရီးသွားလုပ်ငန်းများ  ရေရှည်ဖွံ့ဖြိုး  တိုးတက်ရေး၊  ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လူတန်းစား မရွေးလွယ်ကူစွာ      ခရီးသွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆောင် ရွက်နေသည့်  Barrier Free Tourism ဖော်ဆောင် ရေးလုပ်ငန်းများကိုလည်း ဆက်လက်အရှိန်အဟုန် မြှင့်   အကောင်အထည်ဖော်    ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

 


ခရီးသွားကျေးရွာများဖော်ဆောင်


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက်    မြန်မာနိုင်ငံ၏    ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေး နှင့် တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Based Tourism၊  Farming Based Tourism နှင့် ပုပ္ပါးတောင် ဘူမိ ခရီးသွားလုပ်ငန်းကဲ့သို့  Educational  Tourism  စသည့် ခရီးသွားလုပ်ငန်း အမျိုးအစားအချို့ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့်   ဖော်ထုတ်ဆောင်ရွက်နိုင်ရန်  အကြံဉာဏ်သစ်များဖြင့်  နည်းလမ်းများ ဖော်ထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊   ဆက်စပ် လျက်ရှိသည့်    တိုင်းဒေသကြီး၊     ပြည်နယ်များရှိ  အလားအလာရှိသောမြို့၊ ရွာများကို ခရီးသွားမြို့များ၊  ခရီးသွားကျေးရွာများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။   
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျ  ဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လည်ပတ်သည့်အချိန်မှစ၍ ပြန်လည်ထွက်ခွာသည့် အချိန်ထိ    ခရီးသွားဧည့်သည်များ      ဝင်ထွက်မှု လွယ်ကူစေရေး၊   တည်းခို၊   နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်      ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်    ဝန်ကြီးဌာနအားလုံးက    ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်    လိုအပ်ကြောင်း၊  သို့မှသာ ခရီးစဉ်ဒေသများတွင် ခရီးသွားဧည့်သည် များ ပိုမိုတိုးတက်ဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်း မှတစ်ဆင့် ဒေသခံတို့၏လူမှုဘဝစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေသည့် အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို    တွန်းအားပေး      ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


ရည်မှန်းဈေးကွက်များဖော်ဆောင်


ယခု ပွင့်လင်းရာသီမှအစပြုပြီး ခရီးသွားလုပ်ငန်း များ  ပုံမှန်လည်ပတ်လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့်  ရင်းနှီးပြီး  ဆက်ဆံရေးကောင်းမွန်သည့်  နိုင်ငံ များနှင့်   အိမ်နီးချင်းနိုင်ငံများကို  မိမိတို့၏  အဓိက ရည်မှန်းစျေးကွက်များအဖြစ်        ကနဦးသတ်မှတ် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊  မိမိတို့၏ ထူးခြား သည့်  ခရီးသွားထုတ်ကုန်နှင့်  ဝန်ဆောင်မှုများကို လည်း  Digital  Platform  များမှတစ်ဆင့်  ကမ္ဘာ့ ခရီးသွား အဝန်းအဝိုင်းသိရှိနိုင်စေရေး ဆက်လက် မြှင့်တင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ   မြန်မာနိုင်ငံ  သံရုံးများမှတစ်ဆင့် မြန်မာ့ခရီးသွားလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်အသိပေးဖိတ်ခေါ်    စီမံဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ စည်းရုံးဖိတ်ခေါ်ဆောင်ရွက်မှုများ မှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း လာရောက်လည်ပတ် ကြမည့်   ပြည်တွင်းပြည်ပ  ခရီးသွားဧည့်သည်များ ခရီးသွားလာမှု  လွယ်ကူချောမွေ့စေရေးနှင့်  လုံခြုံ  စိတ်ချစွာ ခရီးသွားလာနိုင်ရေးသည် အရေးကြီးသည့်  အခန်းကဏ္ဍမှ ပါဝင်နေပြီး ဆင့်ပွားအကျိုးကျေးဇူး များ ဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်းအမျိုးအစားစုံလင်စွာ    ဖွံ့ဖြိုးလာစေရန်     အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင်  မြန်မာခရီးသွားလုပ်ငန်း  ပြန်လည် ဦးမော့လာစေရန် စွန့်ဦးတီထွင်မှုနှင့်အတူ ခရီးသွား ထုတ်ကုန်များ ဖွံ့ဖြိုးလာစေရန်နှင့် ဈေးကွက်များ  ပြန်လည်ရှင်သန် အားကောင်းလာစေရေး ဆောင် ရွက်ရန်   အထူးလိုအပ်ကြောင်း၊   ထိုသို့ဆောင်ရွက် နိုင်ရန်     ဗဟိုကော်မတီဝင်   ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း    အဖွဲ့ချုပ်နှင့်      ညီနောင်အသင်းများက ဝိုင်းဝန်းပူးပေါင်း     ဆောင်ရွက်ကြသွားရမည်ဖြစ် ကြောင်း။ 

 


မြန်မာနိုင်ငံ၏  ခရီးသွားလုပ်ငန်းများ  ပြန်လည်  ဦးမော့လာစေရေးနှင့်   ခရီးသွားလုပ်ငန်းမှတစ်ဆင့်  နိုင်ငံ၏ ပုံရိပ်ကောင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်  ကြိုးပမ်းသည့်နေရာတွင်      အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအဖွဲ့ဝင် များ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ရန်နှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ  အနေဖြင့် ပွင့်လင်းစွာ အကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ဆွေးနွေးတင်ပြ 


ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ် နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာဌေးအောင်  က   ခရီးသွား လုပ်ငန်းဆိုင်ရာများကို   ရှင်းလင်းဆွေးနွေး တင်ပြ သည်။ 

 


ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်  က ဗဟိုကော်မတီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည် ဖော် ပြီးစီးမှုအခြေအနေများနှင့် ခရီးသွားလုပ်ငန်း ကော်မတီနှင့်     ဒေသဆိုင်ရာ    ခရီးသွားလုပ်ငန်း ကော်မတီများ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုများကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။ 

 


ထို့နောက်   ဗဟိုကော်မတီဝင်    ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊       ပုဂ္ဂလိကခရီးသွား    အဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန် ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ 

 


ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး  တိုးတက်ရေးဗဟိုကော်မတီ   ဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံး ချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။                            

သတင်းစဉ်