
နေပြည်တော် ဒီဇင်ဘာ ၃
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေ ဒေသတစ်ဝိုက်နှင့် မြဝတီ - ဝေါလေ ကားလမ်း တစ်လျှောက်တို့အား KNU၊ KNLA မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့၊ NUG အဖွဲ့နှင့် ၎င်း၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါ ဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ အတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက် ခြင်းများကြောင့် ဒေသခံတိုင်းရင်း သားများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။
အဆိုပါ ဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင် ဘာ ၂၈ ရက်မှစ၍ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ် အေးချမ်းမှု ရှိသည့်အတွက် ထွက်ပြေး တိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည် နေထိုင်နိုင်ရေးအတွက် တယ်လီ ဖုန်းများဖြင့် လည်းကောင်း၊ အသံ ချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာ စကားများဖြင့် လည်းကောင်း အသိပေးနှိုးဆော်၍ ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးမှုများကြောင့် အေးချမ်းစွာ ပြန်လည်နေထိုင်လိုသည့် ခေတ္တ ထွက်ပြေး တိမ်းရှောင်နေသည့် ဒေသခံ တိုင်းရင်းသားများမှာ ဝမ်းသာအားရဖြင့် ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုး သား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုး သား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ ထပ်မံ ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှ ယနေ့အထိ သေဘောဘိုးကျေးရွာနှင့် ဘလက် ဒိုကျေးရွာများသို့ ပြန်လည် ဝင်ရောက်လာသည့် ဒေသခံ တိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ ပြန်လည်ဝင်ရောက် လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျ လက်ခံလျက်ရှိပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံး ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကာ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်