
ချီကာဂို ဒီဇင်ဘာ ၃
နိုဝင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စု၌ ဖို့ဒ်ကားအစီးရေ ၁၄၆၃၆၄ စီး ရောင်းချရသည်ဟု ဖို့ဒ်ကားကုမ္ပဏီက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားရာ ကားရောင်းချရမှုမှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ကြေညာခဲ့သည်။
နိုဝင်ဘာလအတွင်း ထရပ် ကား အစီးရေ ၈၁၂၁၀ ရောင်းချ နိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ရောင်းချရမှုမှာ ၁ ဒသမ ၂ ရာခိုင် နှုန်း ကျဆင်းလာသည်။ လျှပ်စစ် ကားအစီးရေ ၆၂၅၅ စီး ရောင်းချ ရပြီး လျှပ်စစ်ကားရောင်းချရမှုမှာ ၁၀၂ ဒသမ ၆ ရာခိုင်နှုန်းတိုးတက် လာခဲ့သည်။ ဖို့ဒ်ကားကုမ္ပဏီသည် အမေရိကန်တွင် တက်စလာ နောက် လျှပ်စစ်ကားထုတ်လုပ်မှု ဒုတိယအများဆုံးကုမ္ပဏီ ဖြစ် လာခဲ့သည်။
ယခုနှစ် ၁၁ လတာ ကာလ အတွင်း အမေရိကန်ပြည်ထောင်စု အတွင်း ဖို့ဒ်ကားကုမ္ပဏီထုတ် လျှပ်စစ်ကားအစီးရေ ၅၃၇၅၂ စီး ရောင်းချနိုင်ခဲ့သည်။ ဖို့ဒ်ကား ကုမ္ပဏီ ၏ ရောင်းအားသည် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း သွားသည်။
အခြားသော ကားထုတ်လုပ် ရေး ကုမ္ပဏီများတွင်လည်း အမေ ရိကန်၌ အမေရိကန် ဟွန်ဒါကား ရောင်းချရမှုမှာ နိုဝင်ဘာလ အတွင်း ၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဟွန်ဒိုင်းမော်တာ အမေရိကမှာမူ နိုဝင်ဘာလ အတွင်း ရောင်းချအား ၄၃ ရာခိုင် နှုန်း တိုးလာသည်ဟု သိရသည်။
ဆင်ဟွာ