
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေရေးအဖွဲ့များ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သွားရောက်ဂုဏ်ပြုဖျော်ဖြေ
နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေအသီးသီးတွင် မိဝေး ဖဝေးနှင့် မိသားစုဝေးကွာစွာဖြင့် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို နေမအား ညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ တဒင်္ဂခေတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေ ရန်နှင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ဖျော်ဖြေ ရေးအဖွဲ့သူအဖွဲ့သားများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုးအိတ် ဖျော်ဖြေရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများသို့ မိသားစုများ ၏ကိုယ်စား ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် အလှည့်ကျ သွားရောက် ဂုဏ်ပြုဖျော်ဖြေ သီဆိုကပြ လျက်ရှိသည်။
ထိုသို့ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြားစောင့်တပ်ဖွဲ့များအား သွားရောက်ဂုဏ်ပြု သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁ ရက်နှင့် ယနေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ ရှေ့တန်းစခန်းများသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှ ဖျော်ဖြေရေးအဖွဲ့သူ အဖွဲ့ သားများ၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ခေတ်ပေါ် တေးသီချင်းများ၊ ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များက လုံခြုံရေးအရ အလှည့်ကျစနစ်ဖြင့် စိတ်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေးခဲ့ကြကြောင်း နှင့် ဖျော်ဖြေမှုအပေါ် ဝမ်းသာပီတိဖြစ်စွာနှင့် ရှေ့တန်းအရောက် လာရောက်ဖျော်ဖြေပေးကြသူ များကို မိမိတို့၏ ချွေးနှဲစာဖြင့်ရရှိသည့် လစာအချို့မှ စုပေါင်း၍ ဂုဏ်ပြုဆုငွေများလည်း ပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်