အားလုံးပါဝင် ဖွံ့ဖြိုးဖို့ ဆန်းသစ်တီထွင် အဖြေရှာစို့ အားလုံးလက်လှမ်းမီညီမျှရေး တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး

Type

 

ကိုကွေး(ဘူမိဗေဒ)
 

ယနေ့ကမ္ဘာ့လူဦးရေသည် သန်း ၈၀၀၀ ကျော်လွန်သွားပြီဖြစ်ပါသည်။ ထိုအထဲမှ ၁၅ ရာခိုင်နှုန်းဖြစ်သော မသန်စွမ်းသူများသည်လည်း ကမ္ဘာကြီး၏ ဖြစ်စဉ် ပြောင်းလဲမှုများကြား ဖြတ်သန်းနေကြရပါသည်။ ကုလသမဂ္ဂသမိုင်းတစ်လျှောက် ကမ္ဘာကြီးစိန်ခေါ်မှုအများဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း၊ လူသား အားလုံးနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ခံနိုင်စွမ်းရည် ပိုမိုမြင့်မားပြီး ရေရှည်တည်တံ့သည့် ကမ္ဘာကြီးတည်ဆောက်ရာတွင် အားလုံး ပူးပေါင်း အဖြေရှာရန်(All Inclusive) အချိန်တန်ပြီဖြစ်ကြောင်း သတိပြုခြင်းကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၇၇)ကြိမ်မြောက် အစည်းအဝေးကို “အရေးပါသော အပြောင်းအလဲကာလ- စိန်ခေါ်မှုများအား ဆန်းသစ်တီထွင် ပြောင်းလဲခြင်းဖြင့် ဖြေရှင်းရေး (A watershed moment: Transformative Solution to Interlocking Challenges)” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။

 


ယနေ့ကမ္ဘာကြီး၏   အခြေအနေသည်     ခက်ခဲ ရှုပ်ထွေးလျက်ရှိပြီး အင်အားကြီးနိုင်ငံများ၏ နိုင်ငံ တကာသို့ ပြည်တွင်းရေးစွက်ဖက်မှုများ၊ နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေမှုများကြောင့် မိမိနိုင်ငံ အချုပ်အခြာအာဏာ  တည်တံ့ရေးနှင့် လှုပ်ရှားမှုများ မှ အခြေခံသောယူကရိန်းနှင့် အခြားနိုင်ငံအသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မက်ရေးရာများ၊ ကိုဗစ်-၁၉  ရောဂါမှ    ထွက်ပေါ်လာသည့်   ထိတ်လန့်တုန်လှုပ် ဖွယ်ရာများ၊  ရာသီဥတု  ပြောင်းလဲနိုင်ခြေများစသည့် ပဋိပက္ခများအပါအဝင်           လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အခက်အခဲများကို ကြုံတွေ့ နေရပါသည်။ အဆိုပါ အကြောင်းတရားများသည် ကမ္ဘာ့စီးပွားရေးကိုလည်း       ခြိမ်းခြောက်လျက်ရှိနေပါသည်။

 


မသန်စွမ်းသူများ၏ အခြေအနေ


ကမ္ဘာ့နိုင်ငံများရှိ       မသန်စွမ်းသူများသည် အများအားဖြင့်    ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်ရရှိမှုနှုန်း နိမ့်ကျခြင်း၊ ပညာသင်ယူ တတ်မြောက်မှုနည်းပါးခြင်း၊ အရည်အသွေးနိမ့်ကျ သော ကျန်းမာရေးစသည့်  ဆိုးရွားသော လူမှုစီးပွား အခြေအနေတို့ကို ကြုံတွေ့ခံစားနေကြရပါသည်။ ထို့ပြင် မသန်စွမ်းသူများသည် အစာအာဟာရချို့တဲ့ ခြင်း၊ သန့်ရှင်းသောသောက်ရေ၊ သုံးရေမရရှိနိုင်ခြင်း၊ လုံခြုံစိတ်ချမှုမရှိသော    လုပ်ငန်းခွင်များ၊   ပြည့်စုံ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိ ပိုင်ခွင့်နှင့်   ပညာသင်ကြားခွင့်မရှိခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးခြင်း၊   ပညာရေးနှင့်   အလုပ်အကိုင်  အခွင့်အလမ်းများ နည်းပါးခြင်း၊ နည်းပါးသော လုပ်ခလစာအပြင်   မသန်စွမ်းမှုကြောင့်   နေ့စဉ် နေထိုင်မှု ကုန်ကျစရိတ်  မြင့်မားခြင်းတို့ကိုလည်း   တွေ့ကြုံခံစားနေရပါသည်။

 


မသန်စွမ်းသူများအတွက် အဆင်ပြေလွယ်ကူမှု မရှိသော ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်နှင့် ပို့ဆောင်  ဆက်သွယ်ရေး   အကြောင်းအရာများ၊    အထောက် အကူပြု ပစ္စည်းကိရိယာနှင့် နည်းပညာများ မရှိခြင်း၊ မသန်စွမ်းမှုအလိုက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ မရှိခြင်း၊ ဝန်ဆောင်မှုပေးရာတွင် လိုအပ်ချက်များနှင့်     လူ့အဖွဲ့အစည်းအတွင်း မှားယွင်းသော ယုံကြည်မှုနှင့် စိတ်သဘောထားတို့ ကြောင့်   မသန်စွမ်းသူများအနေဖြင့်   လူမှုရေးအရ လည်းကောင်း၊       စီးပွားရေးအရ   လည်းကောင်း တန်းတူညီမျှ           ပါဝင်ဆောင်ရွက်နိုင်ခြင်းကို ကန့်သတ်တားဆီးလျက်ရှိပါသည်။

 


အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်


ထိုအခြေအနေတို့ကို    ကျော်လွှားဆောင်ရွက် ကြရာတွင်  သမားရိုးကျဆောင်ရွက်၍ မရတော့ဘဲ ဆန်းသစ်တီထွင်မှုများ၊    တီထွင်ဖန်တီးမှုများဖြင့် အားလုံးပါဝင်ဆောင်ရွက်ရေး လက်လှမ်းမီညီမျှစွာ ဆောင်ရွက်နိုင်ရေးကို မီးမောင်းထိုးပြစေရန်အတွက် ယခုနှစ်    ဒီဇင်ဘာ   ၃   ရက်တွင်   ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့(Interna-tional Day of Persons with Disabilities -IDPD) ဆောင်ပုဒ်ကို “အားလုံးပါဝင်   ဖွံ့ဖြိုးဖို့၊   ဆန်းသစ် တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှု      စွမ်းအားဖြင့်     ဆောင်ရွက်ပေး” (Transformative   solutions   for  Inclusive development: the role of innovation in fuelling an  accessible  and  equitable  world)  ဟု ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာန( United Nations Department of Economic and Social Affairs) က  ၂၀၂၂  ခုနှစ်  နိုဝင်ဘာ  ၂ ရက်တွင် ကြေညာခဲ့ပါသည်။

 


ထိုဆောင်ပုဒ်သည်     ပဋိပက္ခဖြစ်ပွားသည့် ကာလများတွင် မသန်စွမ်းသူများအပါအဝင် ထိခိုက် လွယ်   အခြေအနေတွင်ရှိသည့်   လူသားတို့သည် အမြဲလိုလို ဘေးဖယ်ခံရခြင်းမရှိစေရန်နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၃ဝ ၏ အခြေခံမူဖြစ် သည့်   မည်သူတစ်ဦးတစ်ယောက်မျှ    နောက်ကျ မကျန်ရစ်စေရေးနှင့်အညီ ပိုမိုလက်လှမ်းမီ၍ သာတူ ညီမျှသော ကမ္ဘာမြေပေါ်ထွန်းလာစေရန်  ဆောင်ရွက် ရာတွင်  မသန်စွမ်းသူများနှင့်  ပူးပေါင်းလက်တွဲ၍ ဆန်းသစ်တီထွင်မှုရှိသော ဖြေရှင်းခြင်းတို့ကို  အစိုးရ အဖွဲ့အစည်းများ၊   အများပြည်သူနှင့်   ပုဂ္ဂလိက ဆိုင်ရာကဏ္ဍအသီးသီးက  ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း မီးမောင်းထိုးပြခြင်းလည်း ဖြစ်ပါသည်။

 


အပြည်ပြည်ဆိုင်ရာ    မသန်စွမ်းသူများနေ့ကို ၁၉၉၂ ခုနှစ်မှစ၍ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၃)အရ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ရန်  သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ မသန်စွမ်းမှုဆိုင်ရာ    အရေးကိစ္စများကို     သိမြင် နားလည်မှုမြှင့်တင်ရန်နှင့်     မသန်စွမ်းသူများ၏ ကောင်းကျိုးစီးပွား၊   အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ အတွက်    ထောက်ပံ့ကူညီမှုရရှိစေရေး   စည်းရုံး ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

 


ဖွံ့ဖြိုးရေးပန်းတိုင်များနှင့် ဆက်စပ်နေ


၂ဝ၂၂   ခုနှစ်တွင်   ကျရောက်မည့်  အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုကြ ရာတွင် ဆက်စပ်လွှမ်းမိုးမှုရှိသည့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ခြင်း နှင့် ပြုပြင်ပြောင်းလဲခြင်း၊ ဖြေရှင်းဆောင်ရွက်မှုများ အထူးသဖြင့်   စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၈)၊ (၁ဝ)တို့နှင့် ဆက်စပ်နေကြောင်း တွေ့ရ ပါသည်။
ဖွံ့ဖြိုးရေးပန်းတိုင်(၈)ဖြစ်သော စဉ်ဆက်မပြတ် နှင့် အားလုံးပါဝင်နိုင်သည့် ရေရှည်စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်စေရေး၊  လုပ်သားပြည့်   အလုပ်အကိုင်ရရှိ ရေးနှင့် အားလုံးအတွက်   ထုတ်လုပ်နိုင်စွမ်းရှိ၍ သင့်တင့်လျောက်ပတ်သော   အလုပ်အကိုင်ဖြစ်ပေါ် ရရှိစေရေး  (Promote  Sustained  inclusive and Sustainable Economic Growth, Full and Productive Employment decent work for all) တွင် မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု အတွက်    ဆန်းသစ်တီထွင်မှုရှိပြီး   လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော နည်းပညာနယ်ပယ်ရှိ အလုပ်အကိုင်တို့ကို   ခံစားရရှိနိုင်ရန် လိုအပ်သည့် အလုပ်အကိုင်၊    ဗဟုသုတနှင့်   ကျွမ်းကျင်မှုတို့အကြား ချိတ်ဆက်နေမှုများနှင့်            အထောက်အကူပြု နည်းပညာတို့သည်        အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမီရရှိခွင့် မြင့်မားလာစေရန်နှင့်  လုပ်ငန်းခွင် တို့တွင် ပေါင်းစပ်အသုံးချနိုင်ရေးတို့တွင် အရေးပါ ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပါသည်။

 


စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး       ပန်းတိုင်(၁၀)ဖြစ်သော နိုင်ငံတွင်းနှင့်  နိုင်ငံများအကြား  မညီမျှမှု လျှော့ချရေး(Reduce Inequality within and among countries) တွင် မသန်စွမ်းမှု  အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုအတွက်       ဆန်းသစ်တီထွင်မှု၊ အများပြည်သူနှင့်    ပုဂ္ဂလိကဆိုင်ရာကဏ္ဍတို့တွင် မညီမျှမှုတို့ကို လျှော့ချရန် ဆောင်ရွက်မည့် မသန် စွမ်းမှုအကျုံးဝင် ဆန်းသစ်တီထွင်မှုများ၊ လက်တွေ့ အသုံးချဆောင်ရွက်ချက်များ၊   ကောင်းမွန်သော အလေ့အထများနှင့်   လုပ်ငန်းခွင်တွင်  မတူကွဲပြား ခြားနားမှုတို့ကို    မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများအတွက် အကျိုးကျေးဇူးများ ရရှိ နိုင်မည် ဖြစ်ပါသည်။

 


မသန်စွမ်းသူများအတွက်  ဆန်းသစ်တီထွင်မှု


မသန်စွမ်းသူများအတွက်  ဆန်းသစ်တီထွင်မှု တွင်  နမူနာအားဖြင့်  ယနေ့အားကစားကဏ္ဍတွင် မသန်စွမ်းမှုအမျိုးအစားအလိုက် ပါဝင်လှုပ်ရှားနိုင် စေရန် မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု နှင့်     စပ်လျဉ်းသည့်    ဆန်းသစ်တီထွင်မှုများကို တစ်ပေါင်းတည်း  မြင်တွေ့နိုင်သည့်ကဏ္ဍတစ်ခုဖြစ် ပါသည်။  ယနေ့အားကစားကဏ္ဍကို   ကောင်းမွန် သော အလေ့အထဆိုင်ရာ    စံနမူနာနှင့်    ဆန်းသစ် တီထွင်မှု၊  အလုပ်အကိုင်နှင့်ညီမျှမှုတို့၏   နမူနာ ကောင်းအဖြစ်  တွေ့မြင်ရပါသည်။ ကမ္ဘာအဆင့် ပြိုင်ပွဲများ၊ ဒေသန္တရအဆင့်၊ နိုင်ငံအဆင့် ပြိုင်ပွဲများ တွင် မသန်စွမ်းသူများပါဝင်  ဆောင်ရွက်နိုင်ကြသည် ကို ဝမ်းမြောက်စွာ  တွေ့မြင်ကြရမည်  ဖြစ်ပါသည်။ ထိုကဲ့သို့   အခြားကဏ္ဍများတွင်လည်း  မသန်စွမ်းမှု အမျိုးအစားအလိုက်  ပါဝင်ဆောင်ရွက်နိုင်ရေး   အဟန့်အတားများကို   တိုးတက်သော     နည်းပညာဖန်းတီးမှုများဖြင့်   ဖယ်ရှားပေးခြင်းဖြင့်     လူတိုင်းအကျုံးဝင်သော  အစီအစဉ်များ  ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

 


မသန်စွမ်းသူများ၏   အခွင့်အရေးဆိုင်ရာ     မဟာဗျူဟာ  ငါးနှစ်စီမံကိန်း 


မြန်မာနိုင်ငံသည်လည်း  ကမ္ဘာ့နိုင်ငံများနည်းတူ မသန်စွမ်းသူများအတွက် သင့်လျော်သော ပတ်ဝန်း ကျင်ကောင်းများ     ဖြစ်ပေါ်စေရေး၊    ပညာရေး၊ ကျန်းမာရေး၊   လူမှုရေး၊   စီးပွားရေးကဏ္ဍများတွင် အားလုံး ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ  သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များအရ မသန်စွမ်းသူ ၅ ဒသမ ၉ သန်း (လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း) ရှိကြောင်း   သိရပါသည်။  ထို့ကြောင့် မသန်စွမ်းသူများ၏     အရေးကို   အလေးထား ဆောင်ရွက်ရန်လိုအပ်သဖြင့်         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    ပြန်လည်ထူထောင်ရေးဦးစီးဌာနက မသန်စွမ်းသူများ၏   အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ  ငါးနှစ်စီမံကိန်း    (၂ဝ၂၂-၂၀၂၇)  ကို ပြည်ထောင်စုအဆင့်   အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ၊ မသန်စွမ်းသူများ၊ မသန်စွမ်းအရေး ဆောင်ရွက် နေကြသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂ဝ၁၉ ခုနှစ်က စတင်ရေးဆွဲခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပြီ ဖြစ်ပါသည်။

 


မဟာဗျူဟာစီမံချက်ကို    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ     ကုလသမဂ္ဂသဘောတူ စာချုပ် (United Nations Convension of the Rights of Persons with Disability)၊ အာဆီယံမဟာ ဗျူဟာလုပ်ငန်းအစီအစဉ်    (ASEAN- Enabling Masterplan 2025) နှင့်  မသန်စွမ်းသူများ၏ အခွင့် အရေး ဥပဒေ(၂၀၁၅)၊ နည်းဥပဒေများ(၂၀၁၇)တို့နှင့် အညီ နိုင်ငံ၏ လူသားစွမ်းရည်အရင်းအမြစ်များဖြစ် သော မသန်စွမ်းသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုင်းအဝိုင်းတွင်         ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေး တို့အတွက် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရ ပါသည်။    စီမံကိန်းတွင်   မသန်စွမ်းသူများ၏ ပညာရေး၊   ကျန်းမာရေး၊   အလုပ်အကိုင်၊  လူမှု ကာကွယ်စောင့်ရှောက်ရေး        အလွယ်တကူ လက်လှမ်းမီရရှိရေး၊ သဘာဝဘေးနှင့် အခြားအရေး ပေါ် အခြေအနေများစသည်တို့ကို ဦးစားပေးကဏ္ဍ (၆)ရပ်အဖြစ် အကောင်အထည်ဖော်ရန် ထည့်သွင်း ထားရှိခဲ့သည်ကို တွေ့ရပါသည်။ (အထောက်အထား သိလိုပါက  moswrr.gov.mm  တွင်  ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။)   ယခုအခါ   မဟာဗျူဟာ အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းအဖွဲ့ များဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်(Action Plan) များ ရေးဆွဲရေးအတွက် ဆောင်ရွက်နေပြီဖြစ်ပါသည်။

 


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်သည်  မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကော်မတီ အစည်း အဝေးတွင်  ဥက္ကဋ္ဌက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   မသန်စွမ်းသူများ၏   အခွင့်အရေး များဆိုင်ရာ လုပ်ငန်းများကို  အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ ဂုဏ်သိက္ခာ ရှိစွာဖြင့်   အမှီအခိုကင်းစွာ  ဘဝရပ်တည်နိုင်ရေး အတွက်  အသက်မွေးဝမ်းကျောင်း ပညာရရှိရေး၊ အလုပ်အကိုင်  အခွင့်အလမ်းနှင့်  ကိုယ်ပိုင်ဝင်ငွေ ရရှိရေး အရေးကြီးကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဆောင်ရွက်လျက်ရှိသော  အသက်မွေးဝမ်း ကျောင်း သင်တန်းများတွင် မသန်စွမ်းသူများအတွက် ပါ ထည့်သွင်းစီမံဆောင်ရွက်သွားကြရန်၊ ပို့ဆောင် ရေးကဏ္ဍများတွင်လည်း မသန်စွမ်းသူများအတွက် လိုအပ်ချက်များကို  ထည့်သွင်းဆောင်ရွက်ပေးသွား ရန်လိုကြောင်း   လမ်းညွှန်ခဲ့ပါသည်။   သက်ဆိုင်ရာ ဝန်ကြီးဌာနများက အားလုံးအကျုံးဝင် ပညာရေး၊ ကျန်းမာရေး၊ မသန်စွမ်းသူများနှင့် သင့်လျော်သော အလုပ်အကိုင်ရရှိရေး၊      အလုပ်အကိုင်အတွက် လိုအပ်သည့်သင်တန်းများပေးရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်  မသန်စွမ်းသူများ အတွက်   အတားအဆီးကင်းစင်ရေးနှင့်  အထူး အစီအစဉ်များ၊ အထူးသဖြင့် ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက         အတားအဆီးမဲ့ခရီးသွား အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်   သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့များ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ပါသည်။

 


မသန်စွမ်းသူများအား ထောက်ပံ့မှုများ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် မသန်စွမ်းသူ အခွင့် အရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေ သုံးဘီလီယံကို အလေအလွင့် မရှိစေဘဲ စနစ်တကျ တိုးပွားအောင် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး တိုးပွားလာသော ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးနှင့် မသန်စွမ်းသူများ အကျိုးပြုလုပ်ငန်း များတွင် သုံးစွဲသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

 


ပြန်လည်ထူထောင်ရေး    ဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများအား     မသန်စွမ်းထောက်ပံ့ ကြေးအဖြစ်  တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် မသန်စွမ်းသူစုစုပေါင်း ၂၃၄၂၂၆ ဦး အတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်းကျပ်  ၇၃၈၂ ဒသမ  ၉၄၉   သန်းတိတိကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မသန်စွမ်းသူ  စုစုပေါင်း ၃၈၁၄၁ ဦး အတွက် ထောက်ပံ့ကြေးငွေစုစုပေါင်း ကျပ် ၁၁၆၁ ဒသမ ၁ဝ၅  သန်းတိတိကို   ထောက်ပံ့ပေးအပ်ခဲ့ပါ သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်   အောက်တိုဘာ လမှ မတ်လအထိ မသန်စွမ်းသူ စုစုပေါင်း  ၅၅၁၈  ဦး အတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်သန်း ၁၆၆၂၁၀  ကို   ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး   ဖြစ်ပါ သည်။  ၂ဝ၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်   (ယနေ့အထိ) မသန်စွမ်းသူ ၆၈၅ ဦးအတွက် ငွေကျပ် ၂၁ ဒသမ ၂၅ သန်း ထောက်ပံ့ပေးထားပြီးဖြစ်ပါသည်။ ထို့ပြင် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်   မေ ၉ ရက်မှ    စတင်ဆောင်ရွက်လျက်ရှိပြီး ထိုမှတ်ပုံတင်ခြင်းလုပ်ငန်း         ပြီးမြောက်ပါက မသန်စွမ်းမှု အဆင့်အလိုက် ထောက်ပံ့ခြင်းကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 


ကုလသမဂ္ဂအဖွဲ့ကြီး၏  ၂၀၃၀ အစီအစဉ်ဖြစ် သော     စဉ်ဆက်မပြတ်     ဖွံ့ဖြိုးတိုးတက်မှုတွင် လူ့အခွင့်အရေးတို့ကို အပြည့်အဝဖော်ဆောင်ရာတွင် လည်းကောင်း၊   ဖွံ့ဖြိုးတိုးတက်မှု  အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်းကောင်း၊    မသန်စွမ်းမှုကို   အကြောင်းပြု၍ ချန်လှပ်ထားခဲ့ခြင်း၊ နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိစေ ရန်   အထင်အရှားဖော်ပြထားပါသည်။     စဉ်ဆက် မပြတ်    ဖွံ့ဖြိုးတိုးတက်မှု    ပန်းတိုင်များဆိုင်ရာ မူဘောင်တွင်လည်း     ရည်မှန်းချက်(၇)ရပ်သည် မသန်စွမ်းသူများအတွက် ရည်ညွှန်း ဖော်ပြထားပြီး အခြားရည်မှန်းချက် (၆) ရပ်တွင်လည်း မသန်စွမ်း သူများအပါအဝင် ထိခိုက်လွယ်သော အခြေအနေ တွင်ရှိသည့်  လူသားများအတွက်   ရည်ညွှန်းဖော်ပြ ထားပါသည်။

 


မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ   လုပ်ငန်းစဉ်များကို  လိုက်နာ


ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အနေဖြင့်လည်း     ကုလသမဂ္ဂနှင့်    အာဆီယံ အဖွဲ့ကြီးက ချမှတ်ထားသော မသန်စွမ်းသူ အခွင့် အရေးများဆိုင်ရာ   လုပ်ငန်းစဉ်များကို    လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ မသန်စွမ်းသူများအရေး ကို အလေးထား ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့ တည်း     ဆောင်ရွက်၍မရဘဲ  အရပ်ဘက်လူမှု  အဖွဲ့အစည်းများ၊ မသန်စွမ်းသူအရေးဆောင်ရွက်နေ သော  အဖွဲ့များ၊   ပုဂ္ဂလိကကဏ္ဍများကပါ   ပူးပေါင်း ဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မည့် လုပ်ငန်း တစ်ရပ် ဖြစ်ပါသည်။

 


ယခုနှစ်  ဆောင်ပုဒ်ဖြစ်သည့် “အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊  ဆန်းသစ်တီထွင်   အဖြေရှာစို့။   အားလုံး လက်လှမ်းမီညီမျှရေး တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး”  ဆိုသည့်အတိုင်း မသန်စွမ်းသူများ အရေး တီထွင်ဆန်းသစ်ပြီး     အားလုံးပါဝင်သော  လူ့အဖွဲ့     အစည်းတစ်ရပ်ဖြစ်ပေါ်စေရေးအတွက်   ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု           တိုက်တွန်း အပ်ပါသည်။     ။

ကိုးကား - un.desa.com