
ဆော်ပေါ်လို ဒီဇင်ဘာ ၂
ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆန်တာကာထရီနာ ပြည်နယ် ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုများကြောင့် အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ပြီး မီးသတ်သမားတစ်ဦး ပျောက် ဆုံးလျက်ရှိကြောင်း ပြည်နယ် မီးသတ်ဌာနနှင့် ပြည်နယ် အရပ်ဘက် ကာကွယ်ရေးရုံးက ဒီဇင်ဘာ ၁ ရက်က ပြောကြား လိုက်သည်။
ဘရက်စ်မြို့၌ ဖြစ်ပွားသော မြေပြိုမှုအတွင်း အမျိုးသား တစ်ဦးသေဆုံးခဲ့သည်။ နောက် တစ်ဦးမှာ ပါဟိုကာမြို့ရှိ ရေလွှမ်း နေသော လမ်းကို ဖြတ်ကူးရာမှ ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အပြင် ဆန်တာကာ ထရီနာပြည်နယ် နာဗီဂန်တက်စ် အပန်းဖြေကမ်းခြေ တစ်ခု၌ လှေနစ်မြုပ်ပြီး မီးသတ်သမား တစ်ဦးလည်း ပျောက်ဆုံးလျက်ရှိ သည်။
အာဂျင်တီးနားနှင့် နယ်နိမိတ် ချင်းထိစပ်လျက်ရှိသော ဆန်တာ ကာထရီနာပြည်နယ်၌ လူ ၆၀၀ ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ကယ်တင်ခဲ့ရ သည်။
ဆင်ဟွာ