ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရုရှားနိုင်ငံအခြေစိုက် Yi Ling Tourism ကုမ္ပဏီမှ Commercial Director ဖြစ်သူ Mr. Kosinkov Evgeny အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဒီဇင်ဘာ     ၂


ဟိုတယ်နှင့်           ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက်  Yi Ling Tourism Co.,Ltd မှ Commercial Director   ဖြစ်သူ  Mr.Kosinkov Evgeny အား  ယနေ့နံနက်ပိုင်းတွင်    ဝန်ကြီးဌာန နီလာခန်းမ၌   လက်ခံတွေ့ဆုံသည်။   တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ် တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

 


တွေ့ဆုံရာတွင်   Mr.Kosinkov Evgeny  က ရုရှားနိုင်ငံသား ခရီးသည်များအနေနှင့် နိုင်ငံတကာ တွင် အကျုံးဝင်သော  အာမခံဝယ်ယူ၍  ခရီးသွားလာ လျက်ရှိပြီး    မြန်မာနိုင်ငံတွင်   အာမခံထပ်မံရယူ ရခြင်းနှင့် စပ်လျဉ်း၍  ဖြေလျှော့ပေးစေလိုကြောင်း၊ ရုရှားနိုင်ငံမှ          ခရီးသွားဧည့်သည်များအတွက်  လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန် အပြည်ပြည် ဆိုင်ရာမြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက် လျက်ရှိကြောင်း၊     ခရီးသည်များ     ငွေကြေးလွှဲပို့ သုံးစွဲမှု လွယ်ကူအဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင် ပါက ခရီးသည်များ ပိုမိုလာရောက်ရေး  ဖိတ်ခေါ်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ပြည်ထောင်စုဝန်ကြီးက      လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုအနေနှင့် ယခင်အီတလီ လေကြောင်း က      မီလန်မြို့မှ    ခရီးသည်များကို     မြန်မာနိုင်ငံ တွင် တစ်ထောက်နား၍  ဖူးခက်သို့  ပျံသန်းသကဲ့သို့ ပျံသန်းနိုင်သည့် သာဓကများရှိပါကြောင်း၊ ယခုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှခရီးစဉ်များ စီစဉ်နေသည်ဟု သိရှိရပါကြောင်း၊  ခရီးသွားအာမခံ ကြေးနှင့်စပ်လျဉ်း၍  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေးသွားမည်ဖြစ်ပါကြောင်း၊  ခရီးသွားများလာရောက် ပါက ၎င်းတို့၏  ငွေကြေးသုံးစွဲမှု  အဆင်ပြေစေရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ရုရှား     နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ    ဆက်ဆံမှု တိုးမြင့်လာသည်နှင့်အမျှ  ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်နေပါကြောင်း၊ လိုအပ်သည်များကို     ညှိနှိုင်းပေါင်းစပ်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။  

             
သတင်းစဉ်