စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄)သင်တန်းဆင်း ဗိုလ်လောင်းများ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂


စစ်တက္ကသိုလ်      ဗိုလ်လောင်း သင်တန်း     အမှတ်စဉ်    (၆၄) ပြန်တမ်းဝင်အရာရှိ  ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်   စစ်တက္ကသိုလ်   ဘွဲ့နှင်း သဘင်ခန်းမ၌           ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်  ဒုတိယဗိုလ်ချုပ် ကြီး  လင်းအောင်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊ စစ်တက္ကသိုလ် ကျောင်း အုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့်   ကျောင်းဆင်းဗိုလ်လောင်း များ တက်ရောက်ကြသည်။

 


ဦးစွာ   ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊  တပ်မတော်အရာရှိ ကြီးများနှင့်      စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် စင်မြင့် ထက်တွင်    နေရာယူကြသည်။ ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်က  ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား  ပြန်တမ်းဝင်     ခန့်အပ်လွှာများ ပေးအပ်သည်။

 


ထို့နောက်     ဒုတိယဗိုလ်ချုပ် ကြီး  လင်းအောင်က  အမှာစကား ပြောကြားပြီး   အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း   သတင်း ရရှိသည်။                  

သတင်းစဉ်