စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၂


စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု  ညစာ စားပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းတွင်  ပြင်ဦးလွင်မြို့  စစ်တက္ကသိုလ် အနော်ရထာ တပ်ရင်း   ဗိုလ်လောင်း  စားရိပ်သာ၌   ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဥက္ကဋ္ဌ    တပ်မတော်   ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး        မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 


တက်ရောက်


အဆိုပါ  သင်တန်းဆင်း   ဂုဏ်ပြုညစာ စားပွဲ   အခမ်းအနားသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ        ဇနီး ဒေါ်ကြူကြူလှ၊   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီး  မောင်မောင်အေးနှင့်ဇနီး၊  ကာကွယ်ရေး ဦးစီးချုပ်  (ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်ဇနီး၊   ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး     ထွန်းအောင်နှင့်ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊     စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင် တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်းအရာရှိများ ၏  မိဘအုပ်ထိန်းသူများဖြစ်သည့် စစ် တက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေး ဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊       ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ     တက်ရောက်ကြ သည်။

 


   ဂုဏ်ပြုညစာ
အတူတကွ သုံးဆောင်


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  သင်တန်းဆင်း အရာရှိများ အား  တစ်ဦးချင်း ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်သည်။ ထို့နောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်   အဖွဲ့ဝင်များ သည်  သင်တန်းဆင်းအရာရှိများ၊   ညစာ စားပွဲ   တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြ သည်။

 


ကြည့်ရှုအားပေး


ညစာမသုံးဆောင်မီနှင့်   သုံးဆောင် နေစဉ်အတွင်း   ပြည်သူ့ဆက်ဆံရေးနှင့်       စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး   ကွပ်ကဲမှုအောက်   မြဝတီတေးဂီတအဖွဲ့ က   တေးသီချင်းများဖြင့်    သီဆိုတီးမှုတ် ဖျော်ဖြေကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ       တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက      ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။        

         
သတင်းစဉ်