တရုတ် - ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုများ စဉ်ဆက်မပြတ်တိုးတက်

 

ကူမင်း  ဒီဇင်ဘာ   ၁
တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထား ဝန်ဆောင်မှုများသည်    စဉ်ဆက်မပြတ် တိုးတက်နေပြီး ၎င်းတို့၏  ခရီးသွားလာမှု အချိန်ဇယားများ အမြဲအချိန်မှန်၍ တည်ငြိမ် နေကြောင်း China Railway Container Transport Corp က နိုဝင်ဘာလလယ်ပိုင်းက ပြောကြားခဲ့သည်။ 
သတ်မှတ်အချိန်ဇယားအတိုင်း 
ဆောင်ရွက်နိုင်ခဲ့
လျှပ်စစ်ကွန်ပရက်ဆာများ၊ photovoltaic အင်ဗာတာများ၊  ဖုန်စုပ်စက်များနှင့် အခြားထုတ်ကုန်များကို     သယ်ဆောင်လာ သော    ရထားတစ်စင်းသည်   ဂျာမနီနိုင်ငံ Duisburg   သို့    နိုဝင်ဘာ   ၁၄    ရက်က ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ  အနောက်မြောက်ပိုင်း Shaanxi ပြည်နယ်ရှိ Xi'an မှ ဂျာမနီနိုင်ငံ Duisburg သို့ ၁၁ ရက် ကြာ ခုတ်မောင်းခဲ့ရပြီး  ၉၉၀၈   ကီလိုမီတာ ခရီးနှင်ခဲ့ကြောင်း၊    ကုန်စည်ပို့ဆောင်ရေး ရထားသည်  ၎င်း၏လမ်းကြောင်းတစ်လျှောက် တွင်  သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး မြို့များကြား သယ်ယူ ပို့ဆောင်ရေးအချိန်ကိုက် ရောက်ရှိခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေးကို  မြှင့်တင်ပေး နိုင်ခဲ့ကြောင်း သိရသည်။
ပုံမှန် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင် ရေး ရထားများနှင့် နှိုင်းယှဉ်ပါက ဝန်ဆောင်မှု အသစ်တွင် ရထားတွဲများ၊ လမ်းကြောင်းများ၊ တွဲဆိုင်းများနှင့်  နယ်စပ်ဖြတ်ကျော်ခရီးတွင် ကွန်တိန်နာများ ပြန်လည်တင်ဆောင်ခြင်း လည်း ပါဝင်သည်။ ဝန်ဆောင်မှုအသစ်သည် နယ်ခြားဘူတာရုံများနှင့်   ကွန်တိန်နာများ ပြန်လည်တင်ခြင်း      လုပ်ငန်းစဉ်အတွင်း စွမ်းဆောင်ရည်ကို  ပိုမိုကောင်းမွန်စေပြီး လည်ပတ်ချိန်ကို  ပိုမိုကောင်းမွန်စွာ ထိန်းချုပ် နိုင်ကာ သယ်ယူပို့ဆောင်ရေးအချိန်ကို  ပိုမို တည်ငြိမ်စေသည်။
နိုင်ငံခုနစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်
ယင်းသို့   ဝန်ဆောင်မှုပေးသည့်       ဒုတိယ ခရီးစဉ်သည် Xi'an မှ  ထွက်ခွာပြီး နိုဝင်ဘာ ၂ ရက်တွင် Duisburg သို့   ဦးတည်ခဲ့သည်။ ဝန်ဆောင်မှု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ရန်နှင့် ပိုမိုတည်ငြိမ်သော အချိန်ဇယားကို ပေးဆောင်ရန်  တရုတ်နှင့်  ဂျာမနီအပါအဝင် နိုင်ငံခုနစ်နိုင်ငံမှ မီးရထားအော်ပရေတာများနှင့် ဝန်ဆောင်မှုပေးသူများသည်   သတ်မှတ်အချိန် ဇယားများကို စီမံခန့်ခွဲရန် ပေါင်းစပ်ညှိနှိုင်းမှု အစီအစဉ်တစ်ခုကို      ရေးဆွဲခဲ့ကြသည်။ China  State  Railway  Group  သည် ယခုနှစ်အစပိုင်းတွင် တရုတ်နှင့် ဥရောပအကြား လမ်းကြောင်းလေးခုတစ်လျှောက် အချိန်ဇယား များ စတင်ရေးဆွဲခဲ့သည်။
အရေးကြီးသောကဏ္ဍမှ  ပါဝင်ခဲ့
ကာဇက်စတန်၊ ရုရှား၊ ဘီလာရုစ်၊ ပိုလန်နှင့် ဂျာမနီအပါအဝင် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ     မီးရထားအော်ပရေတာများ၊ ဝန်ဆောင်မှုပေးသူများနှင့်    အကြိမ်ပေါင်း များစွာဆွေးနွေးပြီးနောက် Xi'an နှင့် Duisburg ကြားရှိ တရုတ်- ဥရောပ  ကုန်တင် ရထားဝန်ဆောင်မှု၏ ပထမဆုံးသတ်မှတ်အချိန် ဇယားသည် အောက်တိုဘာလတွင်  ပြီးစီးခဲ့ ကာ  လမ်းကြောင်းတစ်လျှောက် စမ်းသပ်မှု များကို အောက်တိုဘာ ၂၆  ရက်တွင် စတင်ခဲ့ သည်။ ဝန်ဆောင်မှုပေးသူအနေဖြင့် China Railway Container Transport Corp သည် တရုတ် - ဥရောပ      ကုန်တင်ရထားများ    ချောမွေ့စွာ      လည်ပတ်နိုင်စေရန်အတွက်  အရေးကြီးသော အခန်းကဏ္ဍမှ  ပါဝင်ခဲ့သည်။