
နယူးဒေလီ ဒီဇင်ဘာ ၁
အိန္ဒိယနိုင်ငံသည် ဒီဇင်ဘာ ၁ ရက်က စက်မှုထိပ်သီး နိုင်ငံများ (ဂျီ-၂၀) အုပ်စု၏ ဥက္ကဋ္ဌရာထူးကို တရားဝင် လွှဲပြောင်းရယူခဲ့ကြောင်း ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဂျီ-၂၀ ဥက္ကဋ္ဌရာထူးသက်တမ်း အတွင်း ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာရိန်ဒရာ မိုဒီက ပြောကြားလိုက်သည်။
လွန်ခဲ့သောလက မိုဒီသည် အိန္ဒိယနိုင်ငံ၏ ဂျီ-၂၀ ဥက္ကဋ္ဌရာထူးအတွက် ဆောင်ပုဒ်နှင့် လိုဂိုကို ထုတ်ဖော်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဂျီ-၂၀ ဥက္ကဋ္ဌရာထူးအတွက် ဆောင်ပုဒ်မှာ ကမ္ဘာတစ်ခု၊ မိသားတစ်စု၊ အနာဂတ် တစ်ခုဖြစ်သည်။
ဆင်ဟွာ