ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြေး ထောက်ပံ့ပေးအပ် သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှ

 

နေပြည်တော်   ဒီဇင်ဘာ    ၁


၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ     စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏  မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြေး ထောက်ပံ့ ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ရုံးခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်  နီလင်းအောင်နှင့်  တာဝန်ရှိသူများ၊  စစ်မှုထမ်းဟောင်း        အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။     ထို့နောက် တိုင်းမှူးနှင့်   တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃      ပညာသင်နှစ်တွင် တက်ရောက်     ပညာသင်ကြား လျက်ရှိသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏       မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေများ      ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။ (ယာပုံ) ဆက်လက်၍  ရှမ်း ပြည်နယ်  (အရှေ့ပိုင်း)  မြို့နယ်  (၈) မြို့နယ်တို့မှ  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  သက်ကြီးမသန် စွမ်း    စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များကို ထောက်ပံ့ငွေများ ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။ ယင်းနောက် တိုင်းမှူး နှင့်   အဖွဲ့ဝင်များက   စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး      လိုက်လံနှုတ်ဆက်ကာ ၎င်းတို့၏      တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း    ဆောင်ရွက် ပေးသည်။

 


အလားတူ   ဧရာဝတီတိုင်း ဒေသကြီး     သာပေါင်းမြို့နယ် အတွင်းရှိ    ပြည်သူ့စစ်   (ဌာနေ) တပ်ဖွဲ့ဝင်များကို ယူနီဖောင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင်    နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ     အနောက်တောင် တိုင်းစစ်ဌာနချုပ်        တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများ၊   ပြည်သူ့စစ်    (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။     ထို့နောက် တိုင်းမှူးနှင့်     အဖွဲ့ဝင်များက ပြည်သူ့စစ်  (ဌာနေ)   တပ်ဖွဲ့ဝင် များအတွက်  ယူနီဖောင်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ    တာဝန်ရှိသူများက  လက်ခံရယူကြသည်။ ယင်းနောက်  နယ်မြေခံဆေးအဖွဲ့က ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်