တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းဖွင့်

 

ရန်ကုန်   ဒီဇင်ဘာ   ၁ 


ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်  တရားရုံးဝန်ထမ်းများ  အရည်အသွေးမြှင့် သင်တန်းအမှတ်စဉ်   ၂/၂၀၂၂  ဖွင့်လှစ်သည့်အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်  အစည်းအဝေးခန်းမ(အပေါ်ထပ်) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်  တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တရား လွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်